ဒေသတွင်းသတင်း

မိုးကုတ်မြို့ စီမံအုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးလို့ အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာ

မဲခေါင် 10 Sep - 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီနေ့ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးထားတာကြောင့် အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာပြီလို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၀

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီနေ့ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး ပုဂ္ဂလိက စတားလင့် အင်တာနက် လုပ်ကိုင်ခွင့် တိုးချဲ့ပေးထားတာကြောင့် အသုံးပြုခတွေ ဈေးနှုန်းကျဆင်းလာပြီလို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာ အရင်က စတားလင့်အင်တာနက် ၃ လုံးသာရှိပြီး တစ်နာရီ ၅ ထောင်ကျပ် ပေးသုံးနေရတာကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဦးဆောင်တဲ့ မြို့စီမံအုပ်ချုပ်ရေးကောင်စီက လုပ်ကိုင်ခွင့်တွေ တိုးချဲ့ပေးလိုက်တာပါ။

“ဈေးနှုန်း ၂ ထောင်လောက်နဲ့ ဆိုရင်တော့ ကျနော်တို့လည်း အလျင်စလို ဖွင့်စရာ မလိုသေးပါဘူး။ ဈေးနှုန်းကျလာတော့ မြို့ခံတွေ အဆင်ပြေတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့ စက်တွေလည်း မကြာခင် ရောက်တော့မှာပါ” လို့ အဝေးရောက် မြို့ခံတစ်ဦးက ပြောပါတယ်။

အသစ်တိုးချဲ့မယ့် စက်ကိုတော့ ဘယ်သူက လုပ်ကိုင်ခွင့် ရရှိပြီး ဘယ်ရပ်ကွက်၊ ဘယ်ရက်မှာ စတင်တပ်ဆင်မလဲ ဆိုတာကိုတော့ မသိရသေးပေမယ့် တစ်နာရီ ၂ ထောင်ကျပ်သာ ကျသင့်မယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက မြို့စီမံအုပ်ချုပ်ရေးကောင်စီ ဖွင့်ပေးထားတဲ့ စက်လုံး ၂ လုံးနဲ့ မိုးကုတ်မြို့ အနောက်ပိုင်း၊ ပန်းမရပ်ကွက်မှာ ကိုပေါက် ဆိုသူကို လုပ်ကိုင်ခွင့်ပေးထားတဲ့ စက်တစ်လုံးနဲ့ စုစုပေါင်း ၃ လုံးရှိပြီး မကြာခင် တပ်ဆင်တော့မယ့် စက်အပါအဝင် စုစုပေါင်း ၄ လုံးရှိပြီလို့ သိရပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာလည်း ဈေးချပေးရမယ်လို့ မပြောဘူး။ လုပ်ချင်တဲ့လူတွေကို လုပ်ခွင့်ပေးလိုက်။ တန်တယ် ထင်တဲ့လူက သုံးလိမ့်မယ်။ မတန်ဘူးထင်တဲ့လူက နောက်ဆုတ်သွားလိမ့်မယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ခင်ရင် လုပ်ခွင့်ရမယ်ဆိုတဲ့ စကစ အကျင့်ဟောင်းတွေအတိုင်း မလုပ်စေချင်တာပါ” လို့ မိုးကုတ်မြို့ခံ လူမှုကူညီရေး အသင်းသားတစ်ဦးက ပြောပါတယ်။

စတားလင့် အင်တာနက်ကို မိုးကုတ်မြို့အနီး မဘိန်းမြို့မှာ တစ်နာရီ ၃ ထောင်ကျပ်နဲ့ ကရင်နီပြည်တွင်းရှိ လွတ်မြောက်နယ်မြေတွေမှာ တစ်နာရီ တစ်ထောင်ကျပ် စတဲ့နှုန်းထားတွေ ကောက်ခံနေတယ်လို့ စုံစမ်းသိရပါတယ်။

မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်ရှိ မြို့အုပ်ချုပ်ရေးပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ မြို့ခံတွေကြား ပွတ်တိုက်မှုအနည်းငယ်ရှိပေမယ့် TNLA ဦးဆောင်တဲ့ မြို့စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူတွေရဲ့ စကားသံကို နားထောင်ပြီး ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now