ဒေသတွင်းသတင်း

သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို UWSA က တရုတ်အတွက် လမ်းခင်းပေးနေတယ်လို့ SSFIM ထုတ်ပြန်

မဲခေါင် 5 Sep - 2024
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့က တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီးသံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းပေးနေတယ်လို့ ရှမ်းပြည်ရင်းနှီးမြုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ -Shan State Frontline Investment- SSFIM က ဒီနေ့ စက်တင်ဘာ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့က တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီးသံလွင်မြစ်ပေါ်ရှိ တရုတ်ရေကာတာစီမံကိန်းများအတွက် လမ်းခင်းပေးနေတယ်လို့ ရှမ်းပြည်ရင်းနှီးမြုပ်နှံမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ -Shan State Frontline Investment- SSFIM က ဒီနေ့ စက်တင်ဘာ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လွန်ခဲ့သောလပိုင်းက UWSA တပ်ဖွဲ့က တန့်ယန်းမြို့ မြောက်ဘက်ခြမ်းကို သိမ်းယူခဲ့တာဟာ တရုတ်ရဲ့ရေရှည်စီမံကိန်းဖြစ်တဲ့ သံလွင်မြစ်ပေါ်က နောင်ဖာရေကာတာစီမံကိန်း မကြာခင်မှာ အမှန်တကယ်ဖြစ်လာမယ်ဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်စိတ်ကို တိုးမြင့်လာစေနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“အဓိကကတော့ လက်ရှိဒေသတွင်းဖြစ်နေတဲ့ အခြေအနေကို လူထုအများသိစေချင်တာရယ်၊ တရုတ်အစိုးရအနေနဲ့ လက်ရှိသံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို အမြန်ရပ်ပေးဖို့ရယ် ပြောချင်ပါတယ်” လို့ SSFIM က တာဝန်ရှိသူ စိုင်းခမ်းလူက မဲခေါင်ကို ပြောပါတယ်။

UWSA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ အင်အား ၂၀၀၀ ကျော်နဲ့ သံလွင်မြစ်အရှေ့ခြမ်းက ရောက်လာကာ တန့်ယန်းမြို့နဲ့ တန့်ယန်း-မိုင်းရယ် လမ်းမကြီးတစ်လျောက် နေရာယူစဥ်ကာလတွင်မှ တန့်ယန်းမြို့ကို UWSA သိမ်းပိုက်ခဲ့တာကို လူထု သိရတာလို့ ဆိုပါတယ်။

လူထုကတော့ UWSA တပ်ဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်ကို လွန်ခဲ့တဲ့ ၅ လကတည်းက ဖယ်ရှားကာ တန့်ယန်းမြို့မြောက်ဘက်ခြမ်းကို ထိန်းချုပ်ခဲ့ပြီးဖြစ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UWSA တပ်ဖွဲ့ဟာ သံလွင်မြစ်ထဲသို့ စီး၀င်တဲ့မြစ်လက်တက်ဖြစ်တဲ့ နမ့်မမြစ်ပေါ်မှာ တည်ဆောက် နေသော ၂၂၅ မဂ္ဂ၀ပ်ထွက်ရီမယ့် မန်တုံရေကာတာစီမံကိန်းနှင့် မျက်နှာခြင်းဆိုင် သံလွင်မြစ်အနောက်ဘက်ကမ်းကို ထိန်းချုပ်နေရာယူထားတာလို့ ဆိုပါတယ်။

မန်တုံရေကာတာစီမံကိန်းဟာ တရုတ်အစိုးရပိုင် Hydrochina ကော်ပိုရေးရှင်းနဲ့ မြန်မာစစ်တပ်က ခရိုနီတွေပိုင်တဲ့ IGE ကုမ္ပဏီတို့ ဖက်စပ်လုပ်ဆောင်တဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ၁၂၀၀ မဂ္ဂ၀ပ်ထွက်ရှိမယ့် နောင်ဖာရေကာတာစီမံကိန်း တည်ဆောက်မှုသဘောတူညီမှုမှာ ပါဝင်တဲ့ စီမံကိန်းတစ်ခုအပါအ၀င်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရေကာတာစီမံကိန်းနှစ်ခုလုံးဟာ BOT စနစ်နဲ့ တည်ဆောက်ဖို့စီစဥ်ထားတဲ့ စီမံကိန်းတွေဖြစ်ပြီး ထွက်ရှိလာမည့်စွမ်းအင်ရဲ့ အနည်းဆုံး၅၀ % ကိုတရုတ် နိုင်ငံသို့တင်ပို့ရန်လျာထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now