ဒေသတွင်းသတင်း

TNLA ထံ တရုတ်ဘက်ကပေးတယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုသာဖြစ်

မဲခေါင် 2 Sep - 2024
TNLA အနေနဲ့ ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်တန့်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုသာဖြစ်တယ်လို့ FPNCC နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂

TNLA အနေနဲ့ ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်တန့်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုသာဖြစ်တယ်လို့ FPNCC နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

အဲဒီစာမှာ “ရွှေလီနိုင်ငံတော်လုံခြုံရေးကော်မတီ” လို့ရေးသားပေးပို့ထားပြီး အဲဒီကော်မတီဟာ အမှန်တကယ်မရှိဘူးလို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ်လ ၂၉ရက် ရက်စွဲနဲ့ TNLA ထံ တရုတ်ဘက်ကပေးပို့တယ်ဆိုတဲ့ စာတစောင် TNLA နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာပြီး အဲဒီစာထဲမှာ “တအာင်းတပ်အနေနဲ့ ချက်ချင်းအပစ်ရပ်ရမှာဖြစ်ပြီး မရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ့် နည်းလမ်းတွေကို ပိုမိုအသုံးပြုပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေကို တအာင်းတပ်ဘက်က တာဝန်ခံရမယ်” လို့ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီပေးပို့စာနဲ့ပတ်သက်ပြီး တရုတ်သံရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကလည်း အဲဒီစာဟာအတုသာဖြစ်တယ်လို့ လူမှုကွန်ယက်တွေပေါ်မှာ အလွတ်သဘော ထောက်ပြရှင်းလင်းထားတာကိုတွေ့ရပါတယ်။

ပေးပို့လာတဲ့စာမှာ ရုံးတံဆိပ်တုံးမပါသလို စာရွက်ပုံစံဟာလည်း လမ်းဘေးကြော်ငြာကပ်တဲ့အခြေအနေမျိုးဖြစ်ပြီး သေသေချာချာ အချက်အလက်စိစစ်မှုလုပ်ကြည့်ရင် စာအတုသာဖြစ်တယ်လို့ သတင်းစာဆရာတစ်ဦးကလည်း သူ့ရဲ့အမြင်ကိုပြောပါတယ်။

“ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီဆိုတာ ပြည်နယ်လဲမဟုတ်ဘူး၊ နိုင်ငံကိုယ်စားပြုတာလဲမဟုတ်ဘူး။ တရုတ်လိုနိုင်ငံကြီးတစ်ခုက ရုံးစာကို ဒီလို စုတ်စုတ်ပြတ်ပြတ်လုပ်မှာမဟုတ်ဘူး။ အချက်အလက်စိစစ်ကြည့်လို့ရပါတယ်၊ စကားလုံးအသုံးအနှုန်းတွေကလည်း နိုင်ငံတော်အဆင့်က ဒီလိုရေးလို့မရဘူး” လို့ အဲဒီသတင်းစာ ဆရာက ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့စာဟာ အတုဖြစ်ပေမယ့် တိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်က TNLA ကို နှုတ်နဲ့ပြောဆိုသတိပေးတာာမျိုးရှိတယ်လို့ တရုတ်သံတမန် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။

စာကိစ္စနဲ့ ပတ်သက်လို့ AFP သတင်းဌာနက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကို ဟုတ်၊ မဟုတ် မေးမြန်းရာမှာတော့ တရုတ်သံရုံးဘက်က ဟုတ်၊ မဟုတ် ယတိပြတ်ဖြေကြားခြင်း မရှိပါဘူး။

MK – 004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now