မဲခေါင်၊ သြဂုတ် ၃၁
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်တပ် MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ပါ သြဂုတ် ၃ ရက်နေ့မှာ လက်လွှတ်လိုက်ရပြီးနောက် မြေပြင်တိုက်ပွဲမရှိဘဲ မနေ့က ပထမဆုံးအကြိမ်လေကြောင်းမှ တိုက်ခိုက်ခဲ့တာပါ။
လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုး အထက ၈ ကျောင်းအတွင်း ဗုံး ၁ လုံး ကျရောက်ခဲ့ပြီး ကျောင်းဆောင် အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ဗုံး ၁ လုံးကတော့ အလက ၈ ကျောင်းအနီး လူနေအဆောက်အအုံတစ်ခု အနီးကျရောက်ခဲ့ပြီး လူနေအဆောက်အအုံအပေါ်ဆုံးထပ် ပြင်းထန်စွာ ပျက်စီးစေခဲ့တယ်လို့ လားရှိုးမြို့ပြန်လည် ထူထောင်ရေးအဖွဲ့ထံက သိရပါတယ်။
“စစ်မက်ဖြစ်ပွားခြင်းမရှိလို့တော့ ပြောလို့မရပါဘူး၊ စစ်ပွဲက ပြီးကိုမပြီးသေးတာလို့ဆိုလို့ရပါတယ်၊ ကျောက်မဲတောင် နှစ်ရက်ဆက်ကြဲခံနေရတာ နောက်ထပ်လည်း ထပ်လာကြဲနိုင်တာမို့ မြို့တွင်းရှိ မြို့သူမြို့သားများအနေနဲ့ ထပ်ရှောင်ဖို့ မဖြစ်နိုင်ရင်တောင် ခိုင်ခံ့တဲ့ အကာအကွယ်အောက်မှာပဲဖြစ်ဖြစ် လုံခြုံတဲ့နေရာမှာပဲဖြစ်ဖြစ် ဂရုစိုက်နေကြပါ” လို့ လားရှိုးဒေသခံ ၁ ဦးက မှတ်ချက်ပြုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက်မရှိခဲ့ကြောင်း ကနဦးသိရပြီး တိကျတဲ့ စာရင်းဇယားတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
MK-012













