မဲခါင်၊ သြဂုတ် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊”ဝ” နယ် ပန်ဆန်း – မိုင်းပေါင်လမ်းကြားမှာ တောင်ကျရေကြောင့် တောင်ပြိုပြီး လမ်းတွေပျက်စီး ခဲ့တာကြောင့် သွားလာရေး ခက်ခဲနေတာလို့ ဒေသသတင်း WNLအရသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် တောင်ကျရေတိုက်စားပြီး တောင်ပြိုကျကာ လမ်းတွေပျက်စီးခဲ့တာလို့သိရပါတယ်။
“ဒီမနက်မှာ မိုးတစ်အားရွာလို့ တောင်ပြိုပြီးလမ်းပိတ်တာ”လို့ဒေသသွား ကားသမား ၁ဦးထံက သိရပါတယ်။
လက်ရှိ ပျက်စီးနေတဲ့ လမ်းကြောင်းဟာ “ဝ” ဒေသမြို့တွေဖြစ်တဲ့ မိုင်းပေါက်၊ မိုင်းဖျန်၊ ပန်ဆန်း စတဲ့မြို့တွေကို သွားနိုင်တဲ့ လမ်းတွေဘဲ ဖြစ်ပါတယ်။
“ဝ”နယ်မှာ မိုင်းမော၊ မိုင်းပေါက်၊ ပန်ဆန်း(ပန်ခမ်း)နဲ့ မြောက်ပိုင်းညီနောင် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၁ မှာစစ်ကောင်စီလက်အောက်သိမ်းပိုက်ပြီး UWSA ကိုလွှဲပေးခဲ့တဲ့ ဟိုပန်မြို့အပါအဝင် ခရိုင် ၄ ခုဖွဲ့စည်းထားတဲ့ နေရာတွေကို အခုတောင်ပြိုလို့ လမ်းပျက်စီးနေတဲ့ လမ်းကြောတွေကသွားနိုင်တယ်လို့ သိရပါတယ်။
MK-012










