မဲခေါင်၊ သြဂုတ် ၂၃
ရှမ်းတောင်၊ လင်းခေးကနေ မောက်မယ်သွား ကားလမ်း ဝမ်ဟတ်ကျေးရွာအုပ်စု၊ နမ့်တွန်ရွာအနီး ကားလမ်းပေါ်ကို ယနေ့ သြဂုတ်လ ၂၃ ရက် မနက်ပိုင်းက တောင်ပြိုကျလို့ လမ်းပိတ်ဆို့မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ရက်သတ္တ တစ်ပတ်ကျော် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မကြာခင်ကပဲ အဆိုပါကားလမ်းမှာ လမ်းပဲ့ကျမှု ဖြစ်ပွားခဲ့ပြီးနောက် အခုတောင်ပြိုမှုဖြစ်ပွားတာလို့ သိရပါတယ်။
လက်ရှိမှာ လင်းခေးက နမ့်တိန်းချောင်းရေ တက်နေပြီး မောက်မယ်က ချောင်းတွေ ရေပြည့်ရေလျှံဖြစ်ကာ ရပ်ကွက်တွေအတွင်းဝင်ရောက်နေသလို မိုးနဲမှာလည်း လယ်ဧကထောင်ချီ ရေနစ်မြုပ်နေတာဖြစ်ပါတယ်။
မိုးဇလကတော့ မနေ့ သြဂုတ်လ ၂၂ ရက်ကပဲ ရှမ်းတောင်နဲ့ ရှမ်းအရှေ့မှာ ဆက်လက်မိုးကြီးပြီး တောင်ပြိုတာ၊ ရေကြီးတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
MK-012








