မဲခေါင်၊ သြဂုတ် ၂၂
ရှမ်းအရှေ့၊ မိုင်းယောင်းမြို့နယ်အတွင်းက တံတား ၁ စင်း တောင်ကျချောင်းရေ စီးဆင်းပြီး ရေကြီးလို့ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၂ ရက် ၊ မနက်ပိုင်းက ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်း(ဓာတ်လုံတော်သွားလမ်း)ပေါ်က တံတား ၁ စင်း တောင်ကျရေစီးကြောင့် ပြိုကျ ပျက်စီးသွားတာပါ။
ပြိုကျသွားတဲ့ တံတားအသုံးပြုနေတဲ့ လမ်းပိုင်းအစား ခိုကဲ-ရဲဘော်ဟောင်း-ပါမန်း-ဝမ်ကောင်းလမ်း၊ ခိုကဲ-ယမ်းခမ်း-ဝမ်ဖြို-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းနဲ့ ခိုကဲ-မုန်းလိုက်-ဝမ်တောင်း-ဝမ်ကောင်း-ပါမန်းလမ်းတွေကို လမ်းလွှဲတွေက သွားနိုင်တယ်လို့ သိရပါတယ်။
ပြိုကျသွားတဲ့ တံတားဟာ ၂၀၀၃-၀၄ ခုနှစ်က လူထုအင်အားနဲ့တည်ဆောက်ထားတဲ့ အရှည် ၂၅ ပေ၊ အကျယ်ပေ ၂၀ ၊ အမြင့် ၇ ပေ ရှိတဲ့ တံတားဖြစ်ကာ ခိုကဲနဲ့ ပါမန်းကြားမှာ တည်ရှိတယ်လို့ သိရပါတယ်။
MK-012










