မဲခေါင်၊ သြဂုတ် ၁၂
ရှမ်းမြောက် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပန်မာ ပထမဆုံးအဖြစ် ၀စာပေ ဆရာသင်တန်းကို ဖွင့်ပွဲနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ WNL သတင်းစဉ်မှာ ဖော်ပြ ပါရှိပါတယ်။
မနေ့ သြဂုတ်လ ၁၁ ရက် က ဟိုပန်မြို့၊ ပန်လုံလမ်း၊ တရုတ်ကျောင်းမှာ သင်တန်းသား ၄၀ နဲ့ ၁၀ ရက်တာ သင်တန်းပြုလုပ်တာလို့ သိရပါတယ်။
လက်ရှိဖွင့်လှစ်တဲ့ သင်တန်းဟာ ဟိုပန်မြို့က တရုတ်စာသင်ကျောင်းတွေမှာ ၀စာပေ သင်ကြားဖို့အတွက် ဆရာ/ဆရာမတွေကို သင်ကြားပေးတာဖြစ်ပြီး ”၀”စာပေတိုးတက်ဖို့ကို အရင်လို နွေရာသီအစား တရုတ်ကျောင်းတွေမှာပါ အချိန်ယူပြီး သင်ကြားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
“ရိုးရာ ယဉ်ကျေးမှုမပျက်အောင်၊ စာပေတည်တံ့အောင် လက်ဆင့်ကမ်းတဲ့ အခင်းအကျင်းမှာ ခေတ်သစ် အတွေးအခေါ် ထပ်ပေါင်းထည့်ရင်းပေါ့ လို့ “၀”စာပေသင်ကြားရေးကို လေ့လာနေသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။
အဆိုပါ သင်တန်းဖွင့်ပွဲကို ဟိုပန်ခရိုင်အုပ်ချုပ်ရေးက တညီလင်း၊ တဆိုင်းဝမ်၊ ဦးညီနပ်နဲ့ သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၀ဒေသမှာ ၀စာပေသင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ သင်ကြားတာတွေပြုလုပ်ခဲ့ပေမယ့် ယင်းသင်တန်းတွေဟာ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး အခုဖွင့်လှစ်တဲ့ “၀”စာပေ ဆရာဖြစ်သင်တန်းကတော့ ပထမဆုံးအကြိမ်ဖြစ်သလို ကျောင်းစာသင်ချိန်တွေမှာပါ သင်ကြားသွားမှာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
MK-012










