မဲခေါင် ၊ သြဂုတ် ၂
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ ယူရိုကော့ပတာရဟတ်ယာဥ်တစ်စင်း လေယာဥ်ကွင်းမှအတက် ဒီနေ့ (သြဂုတ် ၂) မှာ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
လေ့ကျင့်ပျံသန်းဖို့ ကွင်းကအတက်မှာ ပျက်ကျခဲ့တာဖြစ်ပြီး တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူးတို့ သေဆုံးခဲ့သလို အမျိုးသမီးလေယာဥ်မှူးတစ်ဦးနဲ့ အကြပ်ကြီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးသလို မဲခေါင်သတင်းဌာနကလည်း ဆက်လက်စုံစမ်းနေပါတယ်။
MK-015










