မဲခေါင်၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်နေ့မှာ လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ စာတန်းချိတ်ဆွဲခြင်းအား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခု မျက်မှောက်ကာလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ လူတစ်စုက စစ်အာဏာသိမ်းထားမှုကြောင့် တိုင်းပြည်နိုင်ငံမှာ အဖက်ဖက်မှ ပြိုကျပျက်စီးနေပြီး ပြည်သူလူထု တစ်ရပ်လုံးက အခက်အခဲ၊ အကြပ်အတည်းမျိုးစုံ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။



SC Strike က သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ “တိုင်းပြည်နှင့်ပြည်သူလူထုကိုသာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်သော တပ်မတော်၏တည်ထောင်သူ ဦးအောင်ဆန်းလို ဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” လှုပ်ရှားမှုကို ကျွန်ုပ်တို့ သပိတ်စစ်ကြောင်း(SC Strike) ကပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း တစ်နေရာမှာ လုံခြုံရေး တင်းကြပ်နေတဲ့ကြားက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “ငြိမ်နေပြီး အသေမခံကြဘဲ တော်လှန်ပြီး ရှင်သန်ကြမယ် ပြည်သူတို့ ရန်ကုန်မှာ ငါတို့ရှိတယ်” SC Strike က ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါသေးတယ်။
MK-014









