မဲခေါင်၊ ဇွန် ၂၇
ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါးအလွဲသုံးမှုတိုက်ဖျက်ရေးနေ့ကျင်းပပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို ဒေသခံတွေရှေ့မှာ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ MNDAA ရဲ့ သတင်းစဉ် The Kokang က မနေ့က ဇွန်၂၆ ရက်စွဲနဲ့ သတင်းဖော်ပြလာပါတယ်။
အထူးဒေသ(၁)ရှိ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲခရိုင်မှာ မနေ့ ဇွန်လ ၂၆ ရက်က ကျင်းပခဲ့ကာ ဒေသခံ ၁၀၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ခရိုင်အတွင်း ရောင်းဝယ်ဖောက်ကားသူ ၅ ဦးနဲ့ မူးယစ်သုံးစွဲသူ ၆၀၈ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးစက်ရုံ ၂ ရုံအပြင် အမ်ဖီဒရင်း အစေ့အဆန် ၃ သောင်း၊ စီးကရက် ၆ Kg ၊ ဘိန်းဖြူ ၄၀၀ G ၊ စိ်တ်ကြွဆေး ၃၁၀ Kg ၊ ဆေးရွက်ကြီးစေ့ ၃၁၀ ဂရမ်၊ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၁၅၅ Kg၊ ဆီုဒီယမ်အက်ဆစ်၊ ပုံဆောင်ခဲ ၉၈၀ Kg၊ စတဲ့ မူးယစ်ဆေးဝါးနဲ့ ကုန်ကြမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
“တစ်ခါတည်း အပြီးမီးရှို့တာ၊ တောင်ကြီးမှာ စစ်ကောင်စီကလုပ်တဲ့ ပွဲမှာ မီးရှို့ချင်ယောင်ဆောင်ပြီး ဘိန်းမဲတွေကို အမြန်ဆွဲထုတ်တာမြင်ခဲ့ဘူးတော့ ဒါက ဖော်ရှိုးမဟုတ်တာ သိသာတယ်၊ အမှန်တစ်ကယ်ဖျက်ဆီးပြတာ၊ ဥပဒေအရ ဖမ်းဆီးအရေးယူသလို ဆေးစွဲသူတွေကိုလည်း ဆေးဖြတ်ပေးဖို့လိုမယ်၊ ပြီးတော့ ပြန်လည်ထူထောင်ရေးရောပေါ့`လို့ ယင်းပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
မြန်မာနိုင်ငံက ဘိန်းအထွက်ဟာ မနှစ်ကထက် ၃၅ %တိုးလာတယ်လို့ မနေ့က ရက်စွဲနဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး UNODC ကထုတ်ပြန်ခဲ့ထားပြီး ၂၀၂၂ ခုနှစ်က ဘိန်းမက်ထရစ်တန် ၇၉၀ ကနေ ၂၀၂၃ ခုနှစ်မှာ မက်ထရစ်တန်ချိန် ၁၀၈၀ အထိ တက်သွားခဲ့တယ်လို့ စစ်တမ်းမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်နေပြီး မနှစ်က ဒုတိယနေရာမှာရှိတဲ့ အာဖကန်နစ္စတန် က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၉၅ % ထိ ကျဆင်းခဲ့တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။
MK-012








