မဲခေါင်၊ ဇွန် ၂၁
ရှမ်းမြောက်၊ မူဆယ်မှာ မနေ့ ဇွန်လ ၂၀ ရက် ညနေ ၅ နာရီခန့်က စည်ပင်အလုပ်သမားကား တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
မူဆယ်မှာ စည်ပင်အလုပ်သမားကား တစ်စီးက အလုပ်သမားတွေကိုတင်လာတာမှာ ၇၇၇ ကားရေဆေးဆီလိုက်အနီး လမ်းချော်ပြီးတိမ်းမှောက်လို့ ၁၀ ဦးကျော် ဒဏ်ရာတွေရကြတယ်လို့ သိရပါတယ်။
“ကျနော်အသင်းကတော့ မဟုတ်ဘူး၊ လက်ဖက်ညွန့်အသင်းက ကူပို့ပေးတာ၊ အလုပ်သမ တစ်ယောက်တော့ ပေါင်ကျိုးတယ်လို့ သိရတယ်၊ ကျန်သူတွေလဲ ထိခိုက်တာတွေ ရှိတယ်”လို့ မူဆယ်ပရဟိတအသင်းဝင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ပေါင်ကျိုးသူနဲ့ ခေါင်းထိ၊ ခြေလက်ဒဏ်ရာရသူတွေကို လက်ဖက်ညွန့်အသင်းက မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
MK-012








