ဒေသတွင်းသတင်း

ထီးချိုင့်မြို့နယ်မှာ ပသုံးလုံးတွေဦးဆောင်ပြီး လယ်ယာမြေများအပေါ် လမ်းဖောက်မှု ဒေသခံပြည်သူတွေ ဆက်လက်ဆန္ဒပြ

မဲခေါင် 21 Jun - 2024
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေက လယ်ယာမြေများအပေါ် လမ်းဖောက်လုပ်နေတာကို ရပ်တန့်ခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေက ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

မဲခေါင် ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေက လယ်ယာမြေများအပေါ် လမ်းဖောက်လုပ်နေတာကို ရပ်တန့်ခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေက ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

မြစ်ကြီးနား-မန္တလေး လမ်းနဲ့ ချိတ်ဆက်ဖို့ဟု ဆိုကာ အကျယ် ပေ ၃၀၊ အရှည်တစ်မိုင်ရှိ ဆူးပုံချောင်-အင်းတိန် လမ်းသစ်ဖောက်လုပ်ရာ ဒေသခံများ ပိုင်ဆိုင်တဲ့ လယ်ယာမြေများပေါ် ဖြတ်သန်း ဖောက်လုပ်နေတာဖြစ်ပါတယ်။

“လူထုဆန္ဒပြတာကို ပလဖနဲ့ ပကဖလက်နက်ကိုင်လုံခြုံရေးအင်အား ၆၀ နဲ့ ၇၀ကြားလောက်ရှိတယ်။ လမ်းတစ်လျောက်ကင်းပုန်းတွေတောင် ချထားသေးတယ်။ ပွိုင်ဖိုက် စက်လက်နှစ်လက်နဲ့ ၆၀ မမနှစ်လက် ။မသိရင် ပြည်သူကသူတို့ကို ဘာလုပ်မှာကြနေတာဗျာ။ ဒါဟာလက်နက်အင်အား လူအင်အားပြပီး ပြည်သူကိုခြိမ်းခြောက်ထားတာ မဟုတ်လားဗျ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

လမ်းမဖောက်လုပ်မီက လယ်ယာမြေလျော်ကြေးပေးမယ်လို့ ဒေသခံတွေနဲ့ညှိနှိုင်းမှုရှိခဲ့ပေမယ့် လယ်ပိုင်ရှင်တွေကလက်ခံခဲ့တာမရှိခဲ့ပဲ ပသုံးလုံးအဖွဲ့တွေက လက်နက်ကိုင်လုံခြုံရေးယူပြီး စတင်လုပ်ဆောင်ခဲ့တာကို ဒေသခံတွေက ဆန္ဒထုတ်ဖော်နေကြတာပါ။

ကိစ္စနဲ့ပတ်သက်ပြီး လယ်သမားတွေက သူတို့တွေရဲ့လယ်မြေတွေကို အသုံးပြုခွင့် မပေးသလို လျော်ကြေးပေးတာကိုလည်း လက်မခံကန့်ကွက်နေပေမဲ့ မေလ ၃၀ ရက်နေ့က စတင်ကာ NUG လက်အောက်ခံပသုံးလုံးတွေက ဦးဆောင်ကာ ဖောက်လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်မနက်ပိုင်းကဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ဖမ်းဆီးခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်၊

“အခြားရွာတွေက ဆန္ဒပြတာလာပြီးပူးပေါင်းဖို့ရှိပေမယ့် သူတို့က ခြိမ်းခြောက်မှုတွေလုပ်တယ် လမ်းတွေမှာပိတ်ဆို့ထားတော့ ရောက်မလာနိုင်ကြဘူး”လို့ ဆန္ဒထုတ်ဖော်သူတစ်ဦးကပြောပါတယ်။

လမ်းဖောက်မှုဖြစ်ပေါ်နေတဲ့ အင်းတိန်ရွာက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့ဖျက်စီးခံခဲ့ရတဲ့ ရွာဖြစ်ပြီးတော့ လက်ရှိ ပသုံးလုံး စိုးမိုးနယ်မြေ ဖြစ်ပါတယ်။

“ဒီမလောက်လေးမလောက်စား အာဏာရူးတွေကိုမှ ကျနော်တို့ နိုင်အောင်မတားဆီးနိုင်ရင် မင်းအောင်လှိုင်ကို ဘယ်လိုတိုက်ကြမလဲ”လို့ဒေသခံကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်အောက်မှာ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ တွေကို ဖွဲ့စည်းထားတာဖြစ်ပြီးတော့ “ပ”သုံးလုံးအဖွဲ့လို့ အတိုကောက် ခေါ်ကြပါတယ်။

CJ -015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now