မဲခေါင်၊ ဇွန် ၁၄
ရှမ်းအရှေ့ မိုင်းပျဉ်းတောင်ပေါ် ကားပိတ်ဆို့မှုအတွက် အလှည့်ကျ သွားလာရေးအစီအစဉ်ကို ထပ်မံပြောင်းလဲလိုက်တယ်လို့ ကားအသင်းတွေ ဆီက သိရပါတယ်။
မိုင်းပျဉ်းတောင်ပေါ် ၁၆ မိုင်အတွင်း ကားပိတ်ဆို့မှုနဲ့ ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေးအတွက် ယခင်ရက်တွေက ဆောင်ရွက်ခဲ့တဲ့အစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး ပိုမိုအဆင်ပြေဖို့ရည်ရွယ်ပြီး ဇွန် ၁၃ ရက်မှာ ထပ်မံပြင်ဆင်ပြောင်းလဲလိုက်တာလို့ သိရပါတယ်။
ကျိုင်းတုံက တောင်ကြီးဘက်ကို စုရပ်အဖြစ်နဲ့ ပူးပေါင်းဂိတ် သို့မဟုတ် ခမရ ၅၂၈ တပ်အနီးကနေစုပြီး မနက် ၆နာရီက ၇ နာရီထိ၊ မနက်၁ဝနာရီက ၁၁ နာရီအထိ၊ နေ့လည် ၂ နာရီက ၃ နာရီအထိ၊ ညနေ ၆နာရီက ၇ နာရီထိ (၄)ကြိမ် သွားလာရခွင့်ရမယ်လို့ သိရပါတယ်။


တောင်ကြီးကနေ ကျိုင်းတုံဘက်ကိုတော့ စုရပ်အနေနဲ့ ၁၆ မိုင်တောင်ထိပ်မှာစုပြီး မနက် ၈နာရီက ၉ နာရီအထိ၊ နေ့လည် ၁၂ နာရီက၁ နာရီအထိ၊ ညနေ၄ နာရီက ၅ နာရီအထိနဲ့ ည ၈နာရီက ၉ နာရီအထိ (၄)ကြိမ်သွားလာခွင့်ရမယ်လို့ သိရပါတယ်။
လက်ရှိမှာ ကားတွေ ထောင်နဲ့ချီပိတ်မိနေတာ မရှိတော့ပေမယ့် ရာချီသွားလာနေကြဆဲလို့သိရကာ တချို့ကားတွေ မတော်တဆမှုတွေထပ်ဖြစ်နေတာတွေလဲ ရှိနေသေးတယ်လို့ သိရပါတယ်။
“ကားတွေလုမမောင်းဖို့၊ ကားကြီးတွေဝန်မပါဘဲရုန်းရင် လမ်းဘေးဆွဲတာတို့၊ ကန့်လန့်လဲတာ၊ နံရံမှီလဲတာတွေ မြေပျော့နေရာတွေမရပ်ဖို့နဲ့ အဲလိုကားတွေနောက်ကို ကပ်မလိုက်ပဲ သတိထားမောင်းကြဖို့လိုမယ်”လို့ တာချီလိတ်ကယာဉ်မောင်းတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ခရီးသွားမယ့် ခရီးသည်ကားနဲ့ ယာဉ်မောင်းတွေအနေနဲ့ ရေ၊ ရိက္ခာနဲ့စောင်၊ လက်နှိပ်ဓာတ်မီးတွေ ယူဆောင်သွားသင့်တယ်လို့ လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေရတဲ့ ယာဉ်မောင်းတွေက အကြံပြုနေကြပါတယ်။
MK-012








