ဒေသတွင်းသတင်း

ကျိုက်မရော‌ထောင်မှာ အကျဉ်းသားတစ်ဦး ဓါတ်လိုက်ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး လုံလောက်တဲ့ ဆေးကုသခွင့် ရရှိဖို့ နိုင်ကျဥ်းအဖွဲ့အစည်းတွေကတောင်းဆို

မဲခေါင် 13 Jun - 2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့မှာ မနေ့ ဇွန် ၁၂ ရက်နေ့က ညနေပိုင်းက ကျိုက်မရော‌ အကျဥ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက အလုပ်ကြမ်းခိုင်းစေနေချိန်အတွင်း အကျဥ်းသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့တယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မဲခေါင် ဇွန် ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့မှာ မနေ့ ဇွန် ၁၂ ရက်နေ့က ညနေပိုင်းက ကျိုက်မရော‌ အကျဥ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက အလုပ်ကြမ်းခိုင်းစေနေချိန်အတွင်း အကျဥ်းသားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့တယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ကျိုက်မရောထောင်အတွင်း အမျိုးသမီးဆောင်နဲ့ အမျိုးသားဆောင်ကြားက အမြင့်ပေ ၂၀ အထက် အုတ်ရိုးနေရာလွတ်တစ်ခုမှာ အကျဥ်းသားတစ်ဦးကို သံပြားကာခိုင်းရာက ဓာတ်လိုက်ပြုတ်ကျခဲ့တာပါ။

နိုင်ငံရေး အကျဥ်းသူများအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မမေဇင်သက်က “တန်းပိတ်ချိန်မှာ ခိုင်းတာပေါ့နော်။ အဓိက က အမျိုးသားဆောင်နဲ့ အမျိုးသမီးဆောင်ကို မြင်ရမှာစိုးလို့ ကာခိုင်းတာပေါ့။ အဲ့ဒါကို အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့ ဘာတစ်ခုမှ လုံခြုံအောင် လုပ်မထားပေးတဲ့ အခါကျတော့ ဓာတ်လိုက်တာပေါ့နော်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဥ်းသူတွေက ၂ နာရီဝန်းကျင်ခန့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး အကျဥ်းဦးစီးဌာနက မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဆေးရုံပို့ဆောင်ထားပေမယ့် နောက်ဆက်တွဲ အခြေအနေတွေကို အကျဥ်းဦးစီးဌာနက သတင်းထုတ်ပြန်တာမျိုး မရှိသေးတာကြောင့် လုံလောက်တဲ့ဆေးကုသခွင့်ရရှိဖို့ WOPP က တောင်းဆိုထားပါတယ်။

“အကျဉ်းထောင်တွေထဲမှာ ဒဏ်ရာရသူတွေကို ပြင်ပဆေးရုံကိုသွားပြီးတော့ ကုသခွင့်မရရှိတဲ့အတွက် ကျနော်တို့အနေနဲ့ တောင်းဆိုရခြင်းဖြစ်ပါတယ်။ အဲလိုတောင်းဆိုတဲ့အပေါ်မှာ အကျဉ်းဦးစီးဌာနနဲ့ စစ်တပ်ဘက်က ထောင်ဆူတယ်ဆိုတဲ့ စကားလုံးနဲ့ပုံဖျက်လေ့ ရှိပါတယ်။ ကျနော်တို့အနေနဲ့က ထောင်ဆူတာမဟုတ်ဘဲ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်ကိုတောင်းဆိုတာ ဖြစ်တယ်လို့ပဲ ပြည်သူတွေကို အသိပေးချင်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဓါတ်လိုက်ဒဏ်ရာရသူဟာ သာမန်အကျဉ်းသားတစ်ဦးဖြစ်ပြီး လတ်တလောမှာ အသက်အန္တရာယ်စိုးရိမ်နေရပေမယ့် စစ်ကောင်စီဘက်က သတင်းဖုံးကွယ်ထားတာကြောင့် ထောင်တွင်းအကျဉ်းသားတွေအပါအဝင် မိသားစုဝင်တွေဘက်ကလည်း စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

ကျိုက်မရော အကျဉ်းထောင်ဟာ ဒေသတွင်းနိုင်ကျဉ်းတွေကို အများဆုံးထားရှိပြီး အင်းစိန်၊ သာယာဝတီထောင်တွေက ထောင်ပြောင်းလာသူတွေလည်း လူနည်းစု ရှိတယ်လို့ နိုင်ကျဉ်းဟောင်းတွေဆီက သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now