ဒေသတွင်းသတင်း

ဖားဆာင်းစစ်ဘေးရှောင်စခန်းတွေမှာ ရာသီတုတ်ကွေးနဲ့ အသားဝါရောဂါအဖြစ်များပြီး ဆေးဝါးတွေလိုအပ်နေ

မဲခေါင် 11 Jun - 2024
ကရင်နဲ့ ကရင်နီပြည်နယ်စပ်က ဖားဆောင်းစစ်ဘေးရှောင်စခန်းတွေမှာ ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် ငှက်ဖျားရောဂါ၊ တုတ်ကွေးရောဂါနဲ့ အသားဝါရောဂါတွေ အဖြစ်များနေကြပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

မဲခေါင် ဇွန် ၁၁

ကရင်နဲ့ ကရင်နီပြည်နယ်စပ်က ဖားဆောင်းစစ်ဘေးရှောင်စခန်းတွေမှာ ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် ငှက်ဖျားရောဂါ၊ တုတ်ကွေးရောဂါနဲ့ အသားဝါရောဂါတွေ အဖြစ်များနေကြပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ ၂၀၂၄ ခုနှစ် မတ်လမှာ ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်လည် ပို့ဆောင်ခဲ့တာကြောင့် လူဦးရေများလာပြီး ရာသီဥတုဒဏ်တွေနဲ့အတူ ရောဂါဖြစ်ပွားနေမှုများပြားလာတဲ့အတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေတာပါ။

ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “စစ်ရှောင်အရေအတွက်က အရမ်းများတဲ့အတွက် ဆေးဝါးတွေကတော့ လုံလောက်မှုမရှိနေဘူးပေါ့နော်။ ကျန်းမာရေးပိုင်းကတော့ လက်ရှိ CDM ဆရာမတွေ ရှိတယ်ပေါ့။ သူတို့တွေကနေပြီး တတ်နိုင်တဲ့ဆေးဝါးပေးပြီးတော့ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ထားတယ်ပေါ့နော်။ အခမဲ့ ကုသပေးတာပေါ့ စစ်ရှောင်တွေအတွက် ဆရာမ ၂ ယောက် တာဝန်ချိန်းပေးပြီး ထားပေးတယ်။ ပြီးရင် တစ်ပတ်ကို တနင်္ဂနွေ တစ်ကြိမ်၊ တစ်ရက်ကို ဆရာမတွေ လိုက်ပတ်တာပေါ့နော်” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းတွေကို ထိုင်းနိုင်ငံရောက် ထောက်ပို့အဖွဲ့အစည်းတွေနဲ့ ကလေးသူငယ်ကူညီစောင့်ရှောက်‌ရေးအဖွဲ့တွေကလည်း ကူညီထောက်ပံ့ထားပေမယ့် ဆေးနဲ့ ဆေးဝါးလုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

ဖားဆောင်းမြို့နယ်မှာ အုပ်ချုပ်ရေးပိုင်းအတွက် မြို့နယ်ကော်မတီကို တော်လှန်ရေးအင်အားစုတွေက ဖွဲ့စည်းထားပြီး အဲ့ဒီကော်မတီက တစ်ပတ်တစ်ကြိမ် နယ်စပ်ဆေးရုံ (ထိုင်းဘက်ခြမ်း)မှာ ဆေးထုတ်ယူနေရတယ်လို့ သိရပါတယ်။

“အရေးပေါ်လူနာတွေကိုတော့ နယ်စပ်ဆေးရုံကို အချိန်မီပို့ဆောင်ပေးပါတယ်။ ကုသဖို့ အရေးကြီးတဲ့ လူနာရှိခဲ့ရင်လည်း ထိုင်းနိုင်ငံထိပါ ပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ ဆေးက တစ်ပတ်တစ်ခါ သွားထုတ်တဲ့ခါမှာ အကန့်အသတ်နဲ့ပဲ ထုတ်ယူရတာဖြစ်တဲ့အတွက် အခုကလည်း မိုးတွင်းကာလဖြစ်ပြီ၊ ဖျားနာတာတွေ၊ ငှက်ဖျားမိတာတွေဖြစ်လာပြီဆိုတော့ ဆေးဝါးပြဿနာကို အရမ်းစိုးရိမ်ရတာပေါ့နော်” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆက်ပြောပြပါတယ်။

ဘောလခဲခရိုင်အတွင်း စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး ဖားဆောင်းစစ်ဘေးရှောင်စခန်းမှာတော့ လူဦးရေ တစ်ထောင်ကျော်ရှိကာ ကျန်းမာရေးအပြင် စားဝတ်နေရေးနဲ့ ပညာရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။

ဖားဆောင်းမြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကို ဖေဖော်ဝါရီလကတည်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၁၃၄၊ ၁၃၅ တပ်ရင်းနှစ်ခု ကျန်ရှိနေပြီး အဲ့ဒီတပ်ရင်းတွေကလည်း မြေပြင်စစ်ကူလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် တပ်ဝင်းထဲကနေ အပြင်ကို ထွက်မလာရဲတော့ဘူးလို့ စုံစမ်းသိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now