မဲခေါင်၊ ဧပြီ ၅
ဖျာပုံအကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား အပါအဝင် အကျဥ်းသား ၁၁ ဦးကို ဧပြီလ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန်က ထောင်ပြောင်းရွေ့ဖို့အတွက် စစ်တပ်၊ ရဲနဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေက ခေါ်ထုတ်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက်မှ ကိုသိုက်က ပြောပါတယ်။
အဆိုပါအကျဥ်းသားတွေက မတ်လ ၃၁ ရက်နေ့ကဖြစ်တဲ့ ထောင်တွင်းအထိကရုဏ်းကြောင့် စစ်တပ်ရဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံထားရသူတွေပါဝင်တယ်လို့ သိရပါတယ်။
ထောင်ပြောင်းရွေ့မှုမှာ နိုင်ငံရေးအကျဥ်းသား ၄ ဦးဖြစ်တဲ့ ကိုဝေယံဦး (ခ)ရှည်ကြီး၊ ဦးရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုမင်းမောင်တို့ပါဝင်ပြီး မတ်လ ၃၁ ရက်ဖြစ်စဥ်မှာ ထောင်ဒဏ် ၆ လ ထပ်တိုးခံထားရတယ်လို့ ဆိုပါတယ်။
“ထောင်ပြောင်းရွေ့ခံရပြီး ဝင်လာတဲ့အကျဥ်းသားတွေကို သူတို့(အကျဥ်းဦးစီးဝန်ထမ်း) တွေက ထောင်ဘူးဝမှာတင် ဦးကျိုးအောင် ရိုက်နှက်နှိပ်စက်တဲ့အကျင့်ရှိတယ်။ အကျဥ်းသားတွေက အခုလက်ရှိမှာ ဒဏ်ရာကျက်တာမရှိသေးသလို ဝေဒနါတွေ ခံစားနေရဆဲဖြစ်တယ်။ အယ့်လိုထပ်ရိုက်ခံရရင် မလွယ်ဘူး။ “လို့ သူက ပြောပါတယ်။
အကျဥ်းသား ၁၁ ဦးကို အင်းစိန်ထောင်မှာ ၅ဦးနဲ့ သာယာဝတီထောင်မှာ ၆ ဦးပြောင်းရွေ့မယ်လို့သိရပြီး မူရင်းထောင်ကနေ ရိုက်နှက်နှိပ်စက်ပြီး မိသားစုတွေနဲ့ဝေးရာကို တမင်ပို့ဆောင်တာဖြစ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနှံအပြားမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံရေးအကျဥ်းသားပေါင်း ၂၆၀၀၀ ကျော်အထိ ဖမ်းဆီးထိနိးသိမ်းခံရပြီး ထောင်တွင်းအကြမ်းဖက်တာတွေ၊ ဆေးဝါးတင်သွင်းခွင့်ပိတ်တာတွေ၊ အချိန်မှီဆေးကုသခွင့်မရှိတာတွေ အကျဥ်းထောင်အများစုမှာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
CJ004








