ဒေသတွင်းသတင်း

သီပေါ-ကျောက်မဲ ကြားက ပျက်စီးခဲ့တဲ့ ကျင်သီတံတားနေရာမှာ ယာဉ်ငယ်တွေအတွက် ယာယီတံတားဆောက်နေ

မဲခေါင် 27 Mar - 2024
သီပေါနဲ့ကျောက်မဲမြို့တွေ အကြားက ပျက်စီးနေတဲ့ ကျင်သီတံတားဘေးမှာ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ ယာယီတံတား ဆောက်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါနဲ့ကျောက်မဲမြို့တွေ အကြားက ပျက်စီးနေတဲ့ ကျင်သီတံတားဘေးမှာ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ ယာယီတံတား ဆောက်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်းက ပျက်စီးခဲ့တဲ့ အခိုင်အမာတံတားမျိုးမဟုတ်ပေမယ့် စဉ့်အင်တံတားလိုယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ တည်ဆောက်နေတာလို့ ဆိုပါတယ်။

“တံတားမှာ TNLA တွေပဲစောင့်နေတာ၊ စစ်တပ်ကဆောက်နေတာ မဟုတ်တာတော့ သေချာတယ်၊ စဉ့်အင်လိုဆိုရင် SSPP နဲ့ ခွန်ကိုက်ကျေး ရွာက ရွာသူရွာသားတွေ စုပေါင်းပြီးဆောက်တာ၊ ဒီမှာတော့ ဘယ်သူဆောက်တယ်မသိရဘူး” လို့ သီပေါဒေသခံက မဲခေါင်ကိုပြောပါတယ်။

အဆိုပါ ယာယီတံတားပြီးစီးပါက ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးခဲ့တဲ့ သီပေါ-လားရှိုးဘက် စဉ့်အင်တံတားလို ၈ တန်ထက် မပိုတဲ့ ယာဉ်ငယ်တွေအတွက် လွယ်ကူစွာ ဖြတ်သန်းသွားလာ နိုင်မှာဖြစ်ပြီး တံတားပျက်စီးနေစဉ်က တံတား ဟိုဘက် ဒီဘက် ပြောင်းလဲတင်ဆောင် သွားလာမှုကနေ ယာယီတံတားပြီးရင်တော့ ငွေရော အချိန်ရော သက်သာသွားမယ်လို့ သိရပါတယ်။

စဉ့်အင်တံတားကို ဇန်နဝါရီ ၇ ရက်က ၂၅ ရက်အတွင်း ၁၈ ရက်ကြာ တည်ဆောက်ခဲ့တာဖြစ်သလို ယခု ကျင်သီတံတားကိုလည်း မတ်လ ၂၄ ရက် ကစတင်တည်ဆောက်နေတာဖြစ်လို့ မကြာမီ အတွင်း ပြီးစီးသွားဖို့ ခန့်မှန်းကြပါတယ်။

လက်ရှိတွင် ကျိုးကျနေတဲ့ တံတားအပိုင်းအထိ ကားတွေ လာရောက်ပြီး ကုန်နဲ့ခရီးသည်များ နှစ်ဘက်က လာကြိုတဲ့ ကားတွေအပေါ်လူနဲ့ကုန် ပြောင်းလဲ စီးနင်းတင်ဆောင်နေရတယ်လို့ သိရပါတယ်။

ကားကြီးတွေအနေနဲ့ကတော့ အခိုင်အမာတံတားတွေ မပြင်ဆင်ရသေးလို့ ကျောက်မဲ-လားရှိုး ပြည်ထောင်စုကားလမ်းကို အသုံးမပြုနိုင်သေးဘဲ နောင်ချိုမြို့ကတဆင့် ရပ်စောက်-ကျောက်ဂူ-နမ့်လန်-မိုင်းရယ်လမ်းအတိုင်း ခရီးဝေးသွားလာနေရဆဲဖြစ်ကြောင်း သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now