ဒေသတွင်းသတင်း

ပန်ဆိုင်းဈေး မီးလောင်မှု ငွေကျပ် သိန်းတစ်သောင်းကျော်ဖိုး ဆုံးရှုံး

မဲခေါင် 7 Feb - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ မြို့မဈေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၈၀ အပါအဝင် ဆုံးရှုံးမှုတန်ဖိုး မြန်မာကျပ်ငွေ သိန်း တစ်သောင်းကျော် ဆုံးရှုံးခဲ့ကြောင်း ကိုးကန့်သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်‌ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ မြို့မဈေး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၈၀ အပါအဝင် ဆုံးရှုံးမှုတန်ဖိုး မြန်မာကျပ်ငွေ သိန်း တစ်သောင်းကျော် ဆုံးရှုံးခဲ့ကြောင်း ကိုးကန့်သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်‌ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၂ နာရီ ဝန်းကျင်ခန့်က အဲဒီ ပန်ဆိုင်း မြို့မဈေးမှာ နှစ်ပေါငိး ၂၀ ခန့် လဲလှယ်ခြင်း မရှိလို့ ဆွေးမြေ့သွားတဲ့ လျှပ်စစ် မီးကြိုးကနေ စတင်ကာ မီးလောင်မှု ဖြစ်ပွားလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီးလောင်မှုမှာ လူသေဆုံးမှုမရှိပေမယ့် မီးလောင်ကျွမ်းသွားတဲ့ ဈေး ဧရိယာဟာ ၁,၁၅၆ စတုရန်းမီတာခန့်ရှိပြီး ဆိုင်ခန်း ၈၀ မီးလောင်ခဲ့ကာ ဆုံးရှုံးမှု ပမာဏ တန်ဖိုး တရုတ်ယွမ် ၂,၃၈၀,၀၀၀ (မြန်မာငွေ ကျပ် သိန်း တစ်သောင်းကျော်) ခန့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မီး စတင်လောင်ကျွမ်းတဲ့ မနက် ၂ နာရီခန့်ကစ MNDAA နယ်မြေခံတပ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သုံးနာရီခွဲခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ အချိန်တွင် မီး လုံးဝငြိမ်းသတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မီးသတ်ကားက အစိုးရ မီးသတ် ရုံးက ထားခဲ့တာ။ အဲဒါကို ပြန်သုံးတာ။ တရုတ်နိုင်ငံ ဘက်ခြမ်းက မီးသတ်ကားတွေလည်း လာကူတယ် ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်တဲ့ နေရာတွေကို MNDAA နယ်နမြခံတပ်ဖွဲ့တွေနဲ့ ရပ်မိ၊ ရပ်ဖ တွေ ပူးပေါင်းကာ ၂ ရက်ကြာ ရှင်းလင်းခဲ့ ကြပြီးနောက် ဈေး ပြန် ရောင်းနေကြပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါပါတယ်။

ပန်ဆိုင်းမြို့ကိုတော့ မြောက်ပိုင်း မဟာမိတ် ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းထားတာဖြစ်ပြီး လက်ရှိ MNDAA အဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ် ထိန်းချုပ်ထားဝာာ ဖြစ်ပါတယ်။

CJ-008

#MeKongNews

#ပန်ဆိုင်း

#မီးလောင်

#ဈေး

#ဆုံးရှုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now