စစ်ရေးသတင်း

လွယ်ထွဲကျေးရွာတိုက်ပွဲမှာ နေဝင်းထွန်းတပ်ထံကနေ လက်နက်တစ်လက်နဲ့ အလောင်းတစ်လောင်း သိမ်းမိတယ်လို့ PNLA ထုတ်ပြန်

မဲခေါင် 29 Jan - 2024
ဆီဆိုင်မြို့နယ်၊ လွယ်ထွဲကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၂၆ရက်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ခရိုနီသူဌေး နေ၀င်းထွန်း ဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့စစ် - PNO ထံကနေ လက်နက်တစ်လက်နဲ့ အလောင်းတစ်လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

ဆီဆိုင်မြို့နယ်၊ လွယ်ထွဲကျေးရွာမှာ မနေ့ ဇန်နဝါရီလ ၂၆ရက်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ခရိုနီသူဌေး နေ၀င်းထွန်း ဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့စစ် – PNO ထံကနေ လက်နက်တစ်လက်နဲ့ အလောင်းတစ်လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားတပ်မတော် – PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ နေ၀င်းထွန်းဦးဆောင်တဲ့ စကစ၊ PNO ပြည်သူ့စစ်ပူးပေါင်း အင်အား ၁၅၀ ခန့်က ဆီိဆိုင်မြို့နယ် လွယ်ထွဲရွာအနီးမှာ PNLA ကိုလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေဝင်းထွန်းတပ်တွေ ပြန်ဆုတ်ခွာချိန်မှာ ပြည်သူ့စစ်အလောင်းတစ်လောင်းနဲ့ လက်နက်တစ်လက် ကျန်ခဲ့တာဖြစ်တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PNLA အနေဖြင့် ပအိုဝ်းအမျိုးသားအချင်းချင်းမတိုက်လိုတာကြောင့် အကြိမ်ကြိမ်သတိပေးညှိနှိုင်းခဲ့ပေမယ့် နေ၀င်းထွန်းဦးဆောင်တဲ့တပ်က လက်မခံဘဲ နောက်ကျောက လာတိုက်ခဲ့သဖြင့် ပြန်လည်မောင်းထုတ်ခဲ့ရခြင်းသာ ဖြစ်တယ်လိို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းခရိုနီတစ်ဦးဖြစ်တဲ့ ခွန်နေ၀င်းထွန်းဟာ PNO တပ်ရင်း ၄ ရဲ့ တပ်ရင်းမှူးဖြစ်သလို စီးပွားရေးတာ၀န်ခံလဲဖြစ်တယ်ပါတယ်။

PNLA အနေနဲ့ ဇန်နဝါရီ ၂၆ ရက်မှာ ခလရ ၄၂၄ ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိ ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၆ ရက် တစ်ရက်လုံးလုံး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ Y12 စတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ တနေကုန် ဆီဆိုင်မြို့ကို ဗုံးကြဲနေခဲ့တာမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်သတင်းအရ ကန်တော်ကလေးရွာက KG3 ကျောင်းသူလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

MK – 012

#MeKongNews

#PNLA

#PNO

#ခွန်နေဝင်းထွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now