ဒေသတွင်းသတင်း

ရပ်စောက်မှာ RCSS က မူးယစ်ဆေးမှုနဲ့စွပ်စွဲ ဖမ်းဆီးထားတဲ့ လူငယ် ၇ ဦး မိသားစုနဲ့ အဆက်သွယ်ပြတ်နေ

မဲခေါင် 26 Dec - 2023
ဆီးစစ်တံနဲ့စစ်ပြီး မူးယစ်ဆေးသုံးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ဆောက်မြို့နယ်၊ နမ်းအွန်ကျေးရွာက လူငယ် ၇ဦးကို RCSS က ဖမ်းဆီးသွားပြီး ၂ပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူထံကနေ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ဆီးစစ်တံနဲ့စစ်ပြီး မူးယစ်ဆေးသုံးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်စောက်မြို့နယ်၊ နမ်းအွန်ကျေးရွာက လူငယ် ၇ဦးကို RCSS က ဖမ်းဆီးသွားပြီး ၂ပတ်ကျော်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် အုပ်စု၊ နမ်းအွန်ကျေးရွာမှာ လူငယ် ၇ ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA)က စွပ်စွဲ ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ညက ဖမ်းဆီးသွားတာ ဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၂၆ အထိ မိသားစုဝင်တွေနဲ့ အဆက်သွယ် မရသေးဘူးလို့ အဲဒီဒေသခံကဆိုပါတယ်။

“ဆီးစစ်တံနဲ့ စစ်ပြီး ဖမ်းသွားတာ။ အဲဒီမှာ အကြောင်းပေါ်တာနဲ့ မူးယစ်ဆေး သုံးတယ်ဆိုပြီး ဖမ်းတာ။ ကိုယ်ဝန်စစ်တဲ့အတံလား၊ ဘာစစ်တဲ့အတံမှန်းလည်းမသိဘူး။ တောရွာဆိုတော့ ဘာမှ မသိတော့ သူတို့ လုပ်ချင်သလို လုပ်တာ” လို့ သူကပြောပါတယ်။

ဖမ်းခံရစဉ်က သူတို့ ၇ ဦးကို ခြေ၊ လက်နဲ့ လည်ပင်းတွေမှာ နောက်ပြန်ကြိုးချည်ထားပြီး သေနတ်နဲ့ ချိန်ရွယ်ထားတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ မိသားစုဝင်နဲ့နီးစပ်သူ ပအိုဝ်းတိုင်းရင်းသားတစ်ဦးက ပြောပါပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၀ ကျော် အမျိုးသား ၄ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၃ ဦး ပါဝင်ပြီး အားလုံးဟာ ပအိုဝ်း လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ သူတို့ ၇ ဦးလုံးကို နမ်းအွန်ကျေးရွာနဲ့ မိုင် ၃၀ ကျော်ခန့် ကွာဝေးတဲ့ နမ့်ဟူးကျေးရွာက RCSS စခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပြီး မူးယစ်ဆေးဝါးအကြောင်းပြကာ တပ်သားသစ်စုဆောင်းခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး RCSS ဘက်က ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

CJ – 007

#MeKongNews

#ရပ်စောက်

#မူးယစ်ဆေးဝါး

#RCSS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now