စစ်ရေးသတင်း

တပ်ပျက်ပြီးထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို MNDAA ဖမ်းမိ

မဲခေါင် 6 Dec - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်၊ ကုန်ကြမ်းစစ်ကောင်စီစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်၊ ကုန်ကြမ်းစစ်ကောင်စီစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စကခ (၁၂) လက်အောက်ခံ ခမရ (၅၄၅) မှ (၂) ယောက်၊ ခမရ (၅၄၇) မှ (၂) ယောက်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင် (၄) ယောက်တို့ ဖြစ်ပြီး တာရွှေထန်အမြောက်တပ်ရင်းမှ ကုန်းကြမ်းစခန်းကို ပြောင်းရွှေ့လာသူ တပ်ခွဲမှူးတစ်ယောက်ကိုတော့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှီရှမ်းဒေသမှာ စစ်ကောင်စီစခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကိုးကန့်တပ်က လိုက်လံရှင်းလင်းနေပြီး ဒီဇင်ဘာ ၃ ရက်နေ့ကလည်း မုံးကျက်စခန်းကနေ ထွက်ပြေးလာတဲ့ ခမရ (၅၂၀) မှ စစ်ကောင်စီတပ်သား ၁ ယောက်ကို ဖမ်းမိခဲ့ပါသေးတယ်။

၅ ရက်ကြာတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကုန်းကြမ်းစခန်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကိုးကန့်တပ်က သိမ်းပိုက်မိခဲ့ပါတယ်။ သိမ်းပိုက်မိချိန်မှာ ခလရ-၁၂၅ တပ်ရင်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့ပြီး ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီကုန်ကြမ်းစခန်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေ အထိုင်ချပြီး MNDAA တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ စစ်ကောင်စီတပ်သား ၂၈၀ ခန့် ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်နက်ချအလင်းဝင်ရင် ကောင်းမွန်စွာဆက်ဆံမည်ဖြစ်ပြီး ပေကပ်ခေါင်းမာနေရင်တော့ လိုက်လံချေမှုန်းသွားမယ်လို့ ဆိုပါတယ်။ ထွက်ပြေးသွားသူ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့မှာ MNDAA က ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့တွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ် ၄ ခုကိုလည်း အလုံးစုံ ထိန်းချုပ်ထားပါတယ်။

ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ ရခိုင်တပ် AA တို့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီစခန်း ၂၀၀ ကျော်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ သံချပ်ကာကားတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

#MeKongNews

#ကိုးကန့်

#စစ်ကောင်စီ

#ချေမှုန်း

#ဖမ်းမိ

#သုံ့ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now