စစ်ရေးသတင်း

ကုန်းကြမ်းမြို့နယ်မှာ တပ်ပျက်ပြီး ထွက်ပြေးတဲ့ စစ်သားတွေထဲက ၁၀၀ ကျော်ကို MNDAA ရှင်းလင်း

မဲခေါင် 4 Dec - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA က လိုက်လံရှင်းလင်းခဲ့ရာမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချအလင်းမဝင်ဘဲ ခေါင်းမာနေလျှင် ထပ်ချေမှုန်းမယ်လို့ MNDAA ရာဇသံပေး

မဲခေါင်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA က လိုက်လံရှင်းလင်းခဲ့ရာမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသ၊ ကုန်ကြမ်းမြို့နယ်ထဲမှာ အမြဲတမ်းတပ်စွဲထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၁၂၅၊ စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၁၂ နဲ့ ၁၆ တပ်က လက်အောက်ခံတပ်ဖွဲ့ ဝင် ၂၈၀ ခန့်ဟာ နိုဝင်ဘာ ၂၈ ရက်မှာ MNDAA က ကုန်ကြမ်းကို သိမ်းပိုက်လိုက်စဉ်မှာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၀ ခန့်ဟာ နိုဝင်ဘာ ၂၉ ရက် ရှီရှမ်းဒေသ၊ ရှောက်ကိုင်ကျေးရွာအုပ်စုထဲက ရွာရဲ့ တောင်ကုန်းအောက်မှာ ပုန်းအောင်နေတာကို MNDAA က သိရှိပြီးနောက် နိုဝင်ဘာ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာပါ။

နောက်နေ့ ဒီဇင်ဘာ ၁ ရက်မှာလည်း ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ရက်ပေါင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးခဲ့တယ်လို့ MNDAA က ပြောပါတယ်။

“ရှိတဲ့သူတွေ အားလုံးကိုတော့ ချေမှုန်းနိုင်ခဲ့တယ်၊ တပ်ရင်း ၁ ရင်းလုံးဆိုတဲ့ စကားလုံးကတော့ သိပ်မမှန်ဘူးဗျ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီအုပ်စု တစ်စု ဆိုရင် ပိုမှန်မယ်။ ဘာဖြစ်လို့လဲဆို သူတို့က တပ်ရင်းတစ်ရင်းတည်းကလား၊ အခြားတပ်ရင်းနဲ့ပူးပေါင်းပြီးလာတာလား ဆိုတာတော့ မသိရဘူး” လို့ MNDAA ရဲ့ ပြောဆိုခွင့်ရှိသူ လီကျားဝင်း က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေတဲ့ အဲ့ဒီတိုက်ပွဲမှာ ၄ ယောက်ကိုလည်း အရှင်ဖမ်းမိခဲ့ပြီး လက်နက်အများအပြားနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံက မူးယစ်ဆေးဝါးတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ ကုန်းကြမ်းတပ်စခန်းကို သိမ်းပိုက်ဖို့အတွက် MNDAA က နိုဝင်ဘာ ၂၄ ရက်ကတည်းက အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။

၅ ရက်ကြာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်မှာ ကုန်ကြမ်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီ့စခန်းမှာ တပ်စွဲထားတဲ့ ခလရ (၁၂၅) တပ်ရင်းတစ်ခုလုံး MNDAA ထံ အလံဖြူထောင် လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ အဲ့ဒီလိုလက်နက်ချ အညံခံခဲ့သူတွေဟာ မိသားစုအပါ ၂၇၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာလည်း စကခ ၁၆ တပ်ရင်းမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ လက်နက်မချဘဲထွက်ပြေးသွားတယ်လို့ MNDAA ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောထားတာကို ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“စခန်းတွေ လိုက်သိမ်းချိန်မှာ ထွက်ပြေးသွားသူတွေ အများကြီးရှိတယ်၊ အခုချေမှုန်းလိုက်တဲ့သူတွေဟာ စကခ ၁၆ မှူးနဲ့အတူ ထွက်ပြေးသွားတဲ့ သူတွေတော့ မဟုတ်လောက်ဘူးထင်တယ်” လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဲ့ဒီလို ထွက်ပြေးသွားသူတွေကို လက်နက်ချအလင်းဝင်ပါက ကောင်းမွန်စွာဆက်ဆံပြီး လုံခြုံတဲ့ နေရာပို့ပေးမှာဖြစ်ပြီး ပေကပ်ခေါင်းမာနေရင်တော့ လိုက်လံချေမှုန်းသွားမယ်လို့ MNDAA က ရာဇသံပေးထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်အတွင်း စစ်ကောင်စီစခန်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းမြို့တွေကိုလည်း မဟာမိတ်အဖွဲ့တွေက အလုံးစုံထိန်းချုပ်ထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ၄ ခုကိုလည်း MNDAA က သိမ်းပိုက်ထားပြီး တချို့မြို့တွေမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေလည်း ပျက်စီးနေပါတယ်။

#MeKongNews

#ကိုးကန့်

#ချေမှုန်း

#စစ်ကောင်စီ

#သိမ်းပိုက်

#ထွက်ပြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now