စစ်ရေးသတင်း

ကျင်သီ တံတားပြင်မယ့် စစ်ကောင်စီတပ်ကို TNLA တိုက်ခိုက်၊ စစ်တပ် လက်နက်ကြီးပစ်လို့ ကုန်တင်ကားတွေနဲ့ ဆီဆိုင် မီးလောင်

မဲခေါင် 28 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကျင်သီတံတားကနေ ကျောက်မဲမြို့ထဲ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က မနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

မဲခေါင်၊ နို၀င်ဘာ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကျင်သီတံတားကနေ ကျောက်မဲမြို့ထဲ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က မနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ ကျင်သီတံတားကို ပြင်ဖို့ စစ်အင်ဂျင်နီယာတပ် အပါအဝင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်း တစ်ခု ရောက်ရှိလာပြီးနောက် တိုက်ပွဲတွေ စတင်ခဲ့ရာက မနေ့က TNLA ဘက်က တိုက်ခိုက်ပြီး တံတားကို သိမ်းပိုက်ခဲ့ပါတယ်။

ကျင်သီတံတားကို TNLA က မနေ့ မနက် အစောပိုင်းမှာ သိမ်းပိုက်ခဲ့ရာ ကျင်သီ တံတား ကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကျောက်မဲ အထွက် တိုးဂိတ်မှာ တပ်စွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျင်သီတံတားကို ပြင်ဖို့ လုပ်ကတည်းက TNLA က သူတို့ (စစ်တပ်) ကို တိုက်နေတာ။ လမ်းတိုင်း နေ့တိုင်း နီးပါးပဲ သူတို့ တိုက်ခိုက်ခံရတာ။ မနေ့က သူတို့ ကျင်သီကနေ ဆုတ်ပြီး တိုးဂိတ်ထဲ ပြန်နေနေတာ” လို့ ကျောက်မဲမြို့ခံ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်က ပျက်စီးသွားတဲ့ ကျင်သီတံတားပြင်ဖို့ သွားစဥ် အင်အား ၁၀၀ ဝန်းကျင်ရှိပြီး TNLA တိုက်ခိုက်လို့ ပြန်ဆုတ်ချိန်မှာ အင်အား ၈၀ ခန့်သာ ရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျောက်မဲမြို့အထွက် တိုးဂိတ်မှာ တပ်စွဲထားတဲ့ အဲဒီ စစ်ကြောင်းကို TNLA က မနေ့ ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်းဟာ ကျောက်မဲမြို့ (၅၀၂) တပ်စခန်းထဲ ဆုတ်ခွာသွားပြီး မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီ ခမရ (၅၀၂) တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်လို့ ကျောက်မဲမြို့ အ၀င် တိုးဂိတ် အဆောက်အအုံ၊ ပန့်ဆီဆိုင်နဲ့ ကုန်ကား ၃ စီး ထိမှန် မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုးဂိတ်က စစ်တပ်လက်နက်ကြီး ပြန်ထိတာ။ တိုက်ပွဲဖြစ်ချိန် ကတည်းက ဝန်ထမ်းတွေ ပြေးကြလို့ လူထိခိုက်တာတော့ မကြားသေးဘူး” လို့ ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

TNLA ကတော့ ကျောက်မဲမြို့နယ်၊ အေရှားဝေါ တိုးဂိတ် အနီးမှာ မနေ့ ညနေ ၅ နာရီ၊ ၂၅ မိနစ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ် ဖော်ပြတာ မရှိသေးပါဘူး။

အလားတူ ကျောက်မဲမြို့နယ် နားခေါ်၊ ကောင်းမူးလိန်ကျေးရွာ အနီးမှာ မနေ့ မနက် ၇ နာရီခန့်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး လက်နက် တစ်လက်နဲ့ စစ်သုံးဆောင်တွေ သိမ်းဆည်းရမိခဲ့သလို ကျောက်မဲမြို့နယ် မန်စံတပ်စခန်းကို မနေ့ ည ၁၀ နာရီမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က မနေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

CJ-014

#MeKongNews

#ကျောက်မဲမြို့

#TNLA

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now