မဲခေါင်၊ နိုဝင်ဘာ ၂၂
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က စစ်ဘေးရှောင်လာတဲ့ ပြည်သူ ၉၁၁ ဦးအတွက် ကယန်းမျိုးဆက်သစ် လူငယ် အဖွဲ့-KNGY က အရေးပေါ် စားနပ်ရိက္ခာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လွိုင်ကော် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာ ၁၄ ခုကို သွားရောက်ပြီး အရေးပေါ် လိုအပ်တဲ့ ဆန်၊ ကုလားပဲ၊ အသားတု၊ ကြာဇံနဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေဖြစ်တဲ့ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မိုးကာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ KNGY အဖွဲ့က ပြောပါတယ်။
စစ်ဘေးရှောင် ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ အပြင် ကယန်းဒေသနေ ဒေသခံတွေ လှူဒါန်းတဲ့ ဒေသထွက် သီးနှံများကိုပါ လှူဒါန်းနိုင်ခဲ့တယ်လို့ KNGY ကဆိုပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေ အတွက် အဝတ်အထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လွိုင်ကော် စစ်ဘေးရှောင် ပြည်သူတွေကို ကူညီ လှူဒါန်းလိုသူတွေ အနေနဲ့ KNGY ရဲ့ လူမှုကွန်ရက် စာမျက်နှာက ဖြစ်စေ၊ ဖုန်းနံပါတ် 09-783 730 192 ကိုဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့-KNGY က အသိပေးထားပါတယ်။
CJ-002
#MeKongNews
#လွိုင်ကော်
#စစ်ဘေးရှောင်
#ကယန်းမျိုးဆက်သစ်လူငယ်













