ဒေသတွင်းသတင်း

၃ နှစ်ကြာ ရပ်နားထားတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲ စစ်ကောင်စီက သိန်း ၁၀,၀၀၀ အကုန်ခံ ကျင်းပမယ်

မဲခေါင် 27 Oct - 2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက သိန်း ၁၀,၀၀၀ အကုန်ကျခံ ကျင်းပမှာဖြစ်ပြီး လတ်တလောမှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ နီးစပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက သိန်း ၁၀,၀၀၀ အကုန်ကျခံ ကျင်းပမှာဖြစ်ပြီး လတ်တလောမှာ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ နီးစပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။

ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပနိုင်ဖို့အတွက် ဩဂုတ်လ နောက်ဆုံးအပတ်ကတည်းက ပွဲကြည့်စင် အသစ်တွေ တိုးချဲ့ဆောက်လုပ်နေပြီး ဒီတစ်ပတ်ထဲမှာတော့ အဝေရာမီးပုံးပျံကွင်း တစ်ကွင်းလုံးကို အစအဆုံး ပြင်ဆင်လာတာလို့ ဆိုပါတယ်။

ယမ်းဆရာ တစ်ဦးက “ကျနော်တို့ကို လာခေါ်တယ်။ ကျနော်တို့ကလည်း ဒီနှစ် ဘတ်ဂျက် မရှိဘူးပြောတော့ သူတို့(စစ်ကောင်စီ)က ထုတ်ပေးမယ်ပေါ့။ စိန်နားပန်ဆိုရင် သိန်း ၄၀ ရမယ်။ ညမီးကြီးဆိုရင် သိန်း ၈၀ ကနေ ၁၀၀ အထိ ပေးမယ်ပေါ့။ လိုတာတော့ အိတ်စိုက်သဘော။ မပါလို့လည်း မရဘူး။ မပါရင် နောက်ပွဲတော်တွေလည်း မပါရတော့ဘူး။ သူတို့က ရာသက်ပန် ဘန်းလိုက်မှာ” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့ ရပ်ကွက်တစ်ခုကို မီးပုံးပျံတစ်လုံး လုပ်ကြဖို့အတွက် ငွေကျပ် ၁၈ သိန်း ချပေးထားပြီး လိုအပ်လာတဲ့ ငွေကြေးတွေကိုတော့ ရပ်ကွက်ဘက်က စိုက်ထုတ်ရမယ်လို့ သူက ဆက်ပြောပြပါတယ်။

၂၀၂၀ ခုနှစ်ကစပြီး COVID-19 ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမယ့် နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ တစ်ပတ်ကြာကျင်းပသွားမှာ ဖြစ်ပြီး ပွဲတော်အတွင်း ယတြာချေဖို့ မီးပုံးပျံ ၆၃ လုံးတိတိ အပိုအလိုမရှိ လွှတ်တင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင် ၂၀၁၉ ခုနှစ်ကလိုမျိုး မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲနဲ့ မြို့လုံးကျွတ် ဘုံကထိန် လှည့်လည်ပွဲတွေကိုလည်း ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

မီးပုံးပျံအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက “ယမ်းဆရာတွေကလည်း မပါချင်ပါဘူး။ ယမ်းဝယ်ဖို့ သူတို့ ခွင့်ပြုချက်ယူရမယ်၊ သူတို့ ချပေးသလောက်ပဲ ဝယ်ရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ လွတ်လွတ်လပ်လပ်လည်း မရှိဘူး။ ဒါပေမယ့် သူတို့ကို ဖိအားပေးတာတွေ ရှိတယ်။ ပွဲကတော့ လူပြည့်မှာပါ။ မလုပ်ရတာ ကြာပြီဆိုတော့လေ။ အင်းလေးပွဲဆိုလည်း လူပြည့်တာပဲ။ ဒါပေမယ့် စစ်ကောင်စီဦးဆောင်တဲ့ ပွဲကို မသွားကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပွဲကျင်းပဖို့အတွက် အလောတကြီး စီစဉ်နေပေမယ့် အောက်တိုဘာလ တတိယအပတ်အတွင်း အဝေရာမီးပုံးပျံကွင်း တစ်နေရာမှာ ချိန်ကိုက်ဗုံး တစ်လုံး တွေ့ရှိခဲ့တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး တချို့မြို့ခံတွေက ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မနှစ် နိုဝင်လာလ ၇ ရက်နေ့ (တန်ဆောင်မုန်းလပြည့်)ကလည်း စစ်ကောင်စီက စူဠာမုနိဘုရားရင်ပြင်မှာ စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ခဲ့ပြီး မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲနဲ့အတူ တန်ဆောင်တိုင်ပွဲတော်အဖြစ် တစ်ရက်တာ အကျဉ်းကျုံး ကျင်းပခဲ့ပါသေးတယ်။

CJ-007

#MeKongNews

#တောင်ကြီး

#တန်ဆောင်တိုင်

#အဝေရာ

#မီးပုံး

#ယတြာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now