ဒေသတွင်းသတင်း

ဦးပိုင် အမြတ်ငွေတွေ ထုတ်မပေးလို့ စစ်တပ် အသိုင်းအ၀ိုင်းကြား ဂယက်ရိုက်

မဲခေါင် 6 Oct - 2023
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ထံ စစ်သားနဲ့ အရာရှိ အဆင့်ဆင့်တွေ မဖြစ်မနေ ထည့်၀င်ရတဲ့ စုငွေတွေရဲ့ အမြတ်‌ငွေ ၂ ကျော် ကြာတဲ့အထိ ထုတ်မပေးတာကြောင့် စစ်တပ် အသိုင်းအ၀ိုင်းကြား ဂယက်ရိုက် နေတယ်လို့ ဦးပိုင်နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၆

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ထံ စစ်သားနဲ့ အရာရှိ အဆင့်ဆင့်တွေ မဖြစ်မနေ ထည့်၀င်ရတဲ့ စုငွေတွေရဲ့ အမြတ်‌ငွေ ၂ ကျော် ကြာတဲ့အထိ ထုတ်မပေးတာကြောင့် စစ်တပ် အသိုင်းအ၀ိုင်းကြား ဂယက်ရိုက် နေတယ်လို့ ဦးပိုင်နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဦးပိုင်ကုမ္ပဏီကို အောက်ခြေ စစ်သည်ကနေ အရာခံဗိုလ်အထိ ငွေကျပ် ၁၅ သိန်း၊ ဒုဗိုလ်ကနေ ဗိုလ်မှူးအထိ သိန်း ၃၀၊ ဒုဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အထိ သိန်း ၅၀၊ ဗိုလ်ချုပ်အထက် အဆင့်တွေက သိန်း ၁၀၀ ပြည့်တဲ့အထိ လစာထဲကနေ မဖြစ်မနေ ဖြတ်တောက်ခံပြီး ပေးသွင်းထားရတယ်လို့ ဆိုပါတယ်။

“မဖြစ်မနေကို ပေးရတာပါ။ အရင်က အစုရှယ်ယာလေးတွေရှိတယ်။ တစ်စုကို တစ်ထောင်၊ ၃ ထောင်လို ပုံစံမျိုးလေးတွေ။ နောက်ပိုင်း ထည့်တဲ့သူ မရှိတော့ အခုလို တစ်ယောက်ကို ရာထူးအလိုက် ဘယ်လောက်ဆိုပြီး ပေးရတာ။ ပြည့်တဲ့အထိကို ပေးရတာ။ တစ်ခါတစ်လေ မင်းဘာသာမင်း စားစရာရှိရှိ မရှိရှိ လစာထဲကနေ ဖြတ်ထားလိုက်တာ။ ပြန်လည်း မရပါဘူး” လို့ လေတပ် CDM တစ်ဦးက ရှင်းပြပါတယ်။

တစ်နှစ်ကို စုငွေရဲ့ ၂၀ ရာခိုင်နှုန်း ပြန်ထုတ်ပေးတဲ့ ဦးပိုင်အမြတ်ငွေကို မကြာခင် ထုတ်ပေးမယ်လို့ စက်တင်ဘာ ၂၉ ရက်က ဦးပိုင် လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပေမဲ့ စလစ်သာ ထုတ်ပေးပြီး ပိုက်ဆံ ထုတ်မပေးဘူးလို့ သိရပါတယ်။

ဒီလို အခြေအနေတွေကြောင့် စစ်တပ် အသိုင်းအ၀ိုင်းကြား မကျေနပ်မှုတွေ ဖြစ်ပေါ်နေပြီး ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကို အပြစ်တင် ပြောဆိုနေကြတယ်လို့ ဦးပိုင်းနဲ့ နီးစပ်သူက ဆိုပါတယ်။

လက်ရှိ လာမယ့် အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ဦးပိုင် အမြတ်ငွေ ပြန်ထုတ်ပေးမယ်လို့ စစ်တပ် အသိုင်းအ၀ိုင်းကြား သတင်းတွေ ထပ်ထွက်နေပေမဲ့ ဦးပိုင် ကုမ္ပဏီဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု၊ ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်မှုတွေကြောင့် စစ်တပ်ပို င်ထုတ်ကုန်တွေကို ပြည်သူတွေက သပိတ်မှောက်ခဲ့ရာ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှု များစွာရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေလို စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ ကြုံတွေ့နေရပါတယ်။

စစ်ခေါင်းဆောင်တွေ ကြီးစိုးထားတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို ၁၉၉၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်းတွေနဲ့ ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ၀န်ဆောင်မှု စတဲ့ လုပ်ငန်းပေါင်း ၅၀ ကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

MK-007

#MekongNews

#ဦးပိုင်

#စီးပွားရေးပိတ်ဆို့မှု

#စစ်ရာဇ၀တ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now