ဒေသတွင်းသတင်း

အောင်ဆုဗွေဆေးဖြတ်စခန်းက ၁၂ ယောက်ကို စစ်ကောင်စီပစ်သတ်ခဲ့မှု PNFC ပြင်းပြင်းထန်ထန် ကန့်ကွက်

မဲခေါင် 13 Feb - 2024
အောင်ဆုဗွေ (PNA) စခန်းမှ ဆေးဖြတ်သူ ၁၂ ဦးကို ရှေ့တန်းသွားဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ကောင်စီက ပစ်သတ်ခဲ့တယ်လို့ PNFC က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာရှိတဲ့ ပအိုဝ်းအမျိုးသား ဌာနေပြည်သူ့စစ် ပြန်လည်ထူထောင်ရေး တပ်စခန်း၊ လူငယ်ထိန်းသိမ်းရေးနှင့် အကျင့်စာရိတ္တပြုပြင်ရေးအဖွဲ့ လို့ အမည်တပ်ထားတဲ့ အောင်ဆုဗွေ (PNA) စခန်းမှ ဆေးဖြတ်သူ ၁၂ ဦးကို ရှေ့တန်းသွားဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ကောင်စီက ပစ်သတ်ခဲ့တယ်လို့ PNFC က သတင်းထုတ်ပြန်ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ပအိုဝ်းအချင်းချင်း မတိုက်ချင်လို့ စစ်ကောင်စီတပ်က အခုလို ပစ်သတ်ခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန်ထန် ကန့်ကွက်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခြားဖြစ်ရပ်တွေဖြစ်တဲ့ ပအို၀်းအမျိုးသားဒေသတစ်ခုဖြစ်တဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသကို မြေပြင်၊ ဝေဟင်လက်နက်ကြီး တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်၊ ဘာသာရေးဆိုင်ရာနဲ့ပညရေးဆိုင်ရာအဆောက်အဦတွေ၊ လူနေ အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပြီး မီးလောင်စေခဲ့တဲ့ဖြစ်တွေကိုလည်း ရှုတ်ချတယ်လို့ ထုတ်ပြန်ပါရှိပါတယ်။

ကရင်နီပြည်နယ်ဒီမောဆိုမြို့နယ်၊ ဒေါဆီအိကျေးရွာ မူကြိုနဲ့စာသင်ကျောင်းတွေကို ဗုံးကြဲခဲ့လို့ ကျောင်းသား၄ ဦးနဲ့သေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်၊ မကွေးတိုင်းဇ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းကျေးရွာမှာ ပျူစောထီးတွေက YDF တပ်ဖွဲ့၀င် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ဖြစ်ရပ်တွေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီးတာနဲ့တစ်ပြိုင်နက် လူငယ်တွေကို အကြောင်းမဲ့စာရင်းကောက်တာ၊ လူဖျောက်တာနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ် အကြမ်းဖက်တာတဲ့ဖြစ်ရပ်တွေကို ဖော်ပြထားတာပါ။

PNFC ရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ဖေဖော်ဝါရီ ၇ ရက် ၁၁ ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ယင်းအစည်းအေ၀းကို ပအို၀်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒွမ် (PPDF-KD) တပ်နယ် ၁၊ ၂ နဲ့ ပအို၀်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) တပ်နယ်(၃)တို့အကြား စစ်ရေးဆိုင်ရာ ပူးတွဲညှိနှိုင်းရေးကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့တယ်လို့ပါရှိပါတယ်။

ပအို၀်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ဟာ PNLA နဲ့ ပူးတွဲပြီး ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲ၀င်နေသလို ဆီဆိုင်က ခမရ ၄၂၄ ကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ တပ်ဖွဲ့လည်းဖြစ်ပါတယ်။

MK-012

#MeKongNews

#ဆီဆိုင်

#အောင်ဆုဗွေ

#လူငယ်ထိန်းသိမ်း

#သင်တန်းကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now