မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ပြည်သူတွေ ခရီးသွားလာရန် လေယာဥ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါရှိမှသာ လေယာဥ်လက်မှတ်ရောင်းပေးတော့မယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက MNA ၊ MAI ၊ Mingalar စတဲ့ လေကြောင်းလိုင်းများကို ရည်ညွှန်းပေးပို့ထားတဲ့ အမိန့်စာမှာ စစ်ကောင်စီဝန်ထမ်းတွေကလွဲလို့ ကျန်အရပ်သားပြည်သူတွေအနေနဲ့ ခရီးသွားလာရန် လေယာဥ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါမှသာ ရောင်းချပေးရန်၊ အွန်လိုင်းမှ ဝယ်ယူပါက လေယာဥ်စီးမယ့်ရက်မှာ ထောက်ခံချက်ကိုလေဆိပ်သို့ယူဆောင်လာစေရေး ဆောင်ရွက်သွားရန် ညွှန်ကြားထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်သူများ စစ်မှုမထမ်းမနေရ သတ်မှတ်ထားတဲ့ ဥပဒေကို အတည်ပြုပြီးနောက် ယခုလို ခရီးသွားလာခြင်းတွေအပေါ် ထိန်းချုပ်ကန့်သတ်တဲ့ အမိန့်စာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
MK-012
#MeKongNews
#ထွေအုပ်
#ထောက်ခံစာ
#ခရီးသွား
#စစ်မှုထမ်း