မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)မှာ ဘိန်းလုံးဝမစိုက်ရဘူးလို့ MNDAA က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အထူးဒေသ (၁)မှာ ၁၉၉၉ ခုနှစ်ကတည်းက ဘိန်းနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါး မသုံးစွဲရ၊ မစိုက်ပျိုးရ၊ မရောင်းဝယ်ရ၊ မထုတ်လုပ်ရ ဆိုတဲ့ “လေးမလုပ်ရ” မူဝါဒချမှတ်ခဲ့ပေမယ့် စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အချိန်မှာတော့ တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်က ဆိုပါတယ်။
အထူးဒေသ (၁)ကို MNDAA သိမ်းပိုက်ပြီးနောက်မှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က နာမည်ကောင်းကို ထိန်းသိမ်းရန်အတွက် ဘိန်းလုံးဝ မစိုက်ပျိုးရန် အမိန့်နဲ့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ကို မလိုက်နာရင်တော့ ပြင်းထန်စွာအရေးယူမယ်လို့လည်း MNDAA က ထုတ်ပြန် သတိပေးထားပါတယ်။
MK-012