ဒေသတွင်းသတင်း

ဟိုပုံးမှာ PNA ပြည်သူ့စစ်က စစ်ရေးအကြီးစား ပြင်ဆင်နေပြီး အောင်ဆုဗွေ လူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းက အယောက် ၁၀၀ ကျော်ကို ကင်းလှည့်ဖို့ တာဝန်ပေး

မဲခေါင် 5 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်တွေက ဖေဖော်ဝါရီ ပထမအပတ်လောက်ကစပြီး အကြီးစား စစ်ရေး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်တွေက ဖေဖော်ဝါရီ ပထမအပတ်လောက်ကစပြီး အကြီးစား စစ်ရေး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ကင်းလှည့်ထွက်ဖို့အတွက် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ မွှေတော်ကက္ကူ သွားလမ်းပေါ်ရှိ PNA ရဲ့ အောင်ဆုဗွေ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းက အယောက် ၁၀၀ ကျော်ကိုလည်း ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

အောင်ဆုဗွေစခန်းနဲ့ နီးစပ်သူ တစ်ဦးက “PNO က အင်အား အရမ်းလိုနေပြီ ထင်တယ်။ အရင်တုန်းက ဆေးစွဲနေတဲ့ လူငယ်တွေကို ဆေးဖြတ်ပေးမယ်ဆိုပြီး အောင်ဆုဗွေစခန်းကို ဖမ်းပို့ထားတာ ရှိတယ်။ သင်တန်းရော ဆေးဖြတ်ရောအပြီး တစ်လ ထိန်းသိမ်းထားတာ။ အခုအဲလူတွေကို ထုတ်သုံးနေပြီ” လို့ ပြောပါတယ်။

အောင်ဆုဗွေစခန်းက ခေါ်ယူထားတဲ့ လူငယ်တွေကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက စစ်သင်တန်းပေးနေပြီး ဟိုပုံးမြို့နယ် လုံခြုံရေးအပြင် လိုအပ်ရင် လိုအပ်သလို ရှေ့တန်းကိုလည်း ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

“သူတို့ကို လိုလိုလားလား သွားချင်လား မေးကြည့်တော့လည်း ကိုယ့်လူမျိုးကို ကူချင်တာတဲ့။ သူတို့ကို သနားမိတယ်” လို့ အောင်ဆုဗွေစခန်းနဲ့ နီးစပ်သူ တစ်ဦးက ဆက်ပြောပါတယ်။

တောင်ကြီးမြို့နယ်၊ တောင်ကြီး – ဟိုပုံးသွားလမ်း၊ ၃ မိုင် တစ်ဝိုက်က တောင်ကုန်းတွေပေါ်မှာလည်း စစ်ကောင်စီနဲ့ PNO တပ်တွေက ကတုတ်ကျဉ်းတွေ တူးထားပြီး အသင့်နေရာ ယူထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကလည်း ဟိုပုံးမြို့နယ်၊ ကျေးရွာပေါင်း ၁၀၀ နီးပါးမှာ အသက် ၁၈ ကနေ ၄၀ အတွင်း အမျိုးသားတွေကို စစ်သင်တန်းပေးဖို့ တစ်ရွာ ၅ ဦးနှုန်း ခေါ်ယူထားတဲ့အပြင် စစ်အသုံးစရိတ် တစ်သိန်းကျပ်ကိုလည်း PNA က ကောက်ခံခဲ့ပါသေးတယ်။

CJ-007

#MeKongNews

#အောင်ဆုဗွေ

#စစ်ကောင်စီ

#ပြည်သူ့စစ်

#ဟိုပုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now