ဒေသတွင်းသတင်း

လွိုင်ကော်တောင်ဈေး ပြန်ဖွင့်ပေမယ့် မြို့ခံတွေအတွက် အဆင်ပြေမှုမရှိသေး

မဲခေါင် 3 Jul - 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ တောင်ဈေး (သီရိမင်္ဂလာဈေး)ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂ မှာပဲ ပြန်ဖွင့်ပေးလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၃

ကရင်နီပြည်၊ လွိုင်ကော်မြို့ တောင်ဈေး (သီရိမင်္ဂလာဈေး)ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနက မနေ့ ဇူလိုင် ၂ မှာပဲ ပြန်ဖွင့်ပေးလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

ယာယီဈေး သဘောအနေနဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ပြီး ရောင်းချသူ နည်းပါးနေသေးသလို ကုန်ဈေးနှုန်းလည်း ကွာဟချက်များတာကြောင့် မြို့ခံအများစုက နာမ့်ဘော်ဝမ်ဈေးမှာပဲ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။

“ဈေးသာ ပြန်ဖွင့်တာ အရင်နဲ့ တခြားစီပဲ။ တိတ်ဆိတ် ခြောက်ကပ်နေတာ။ ဈေးနဲ့လည်း မတူဘူး။ ဘယ်လိုပြောရမလဲ ပြည်သူကို စေတနာရှိလို့ မဟုတ်ဘဲ အတင်းကာရော ငါတို့ ထိန်းနိုင်ပြီဆိုတာ ပြချင်လို့ စွတ်ဖွင့်တာလို့ပဲ မြင်တယ်” လို့ ခေတ္တလွိုင်ကော် ပြန်ရောက်နေသူ တစ်ဦးက ပြောပါတယ်။

ဈေးသည်တွေကို ဆိုင်ခန်းနေရာ တိတိကျကျ သတ်မှတ်ပေးတာမျိုး မရှိတာကြောင့် မူလဆိုင်ခန်းပိုင်ရှင်တွေနဲ့ ပြဿနာဖြစ်နေပြီး ဦးရာလူစနစ်နဲ့ ရောင်းချနေတာကြောင့် လစ်လပ်နေတဲ့ ဆိုင်ခန်းတွေကလည်း ဆိုင်ခန်းပိုင်ရှင်တွေ ပြန်လာတာနဲ့ ကြုံရရင် အရှုပ်အရှင်း ဖြစ်နိုင်တယ်လို့ ဈေးဝယ်သူတွေက သုံးသပ်ပါတယ်။

“နာမ့်ဘော်ဝမ်ဈေးက မသိမ်းသေးတော့ တစ်ပတ်တစ်ကြိမ် မဲနှိုက်ပြီး ရောင်းခိုင်းနေတာ။ အဲလိုဆိုတော့ ဆိုင်ခန်းရှင်တွေက နစ်နာတယ်လေ။ မြင်းပိုင်ရှင်က လမ်းလျှောက်ပြီး ပိုင်ရှင်မဲ့တွေက တက်စီးနေတာ။ ကျနော်တို့ ဒီတစ်ပတ် ဒီနေရာရောင်းတယ်။ နောက်တစ်ပတ် တခြားနေရာရောက်သွားရင် ဘယ်သူမှတ်မိတော့လဲ။ အလကား မိတ်ပျက်တယ်” လို့ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ တောင်ဈေးမှာ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၂ သိန်းခွဲကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ စားသုံးဆီ တစ်ပိဿာ တစ်သောင်းခွဲကျပ်၊ ဓါတ်ဆီ ၉၂ တစ်လီတာ ၃၅၀၀ ကျပ် ပေါက်ဈေးတွေ ရှိနေပြီး အိမ်ဆောက်ပစ္စည်းတွေက ရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့မှာ မြေမြုပ်မိုင်းတွေ မရှင်းလင်းရသေးတာကြောင့် တော်လှန်ရေး အင်အားစုတွေက နေရပ်မပြန်ကြသေးဖို့ တောင်းဆိုထားပေမယ့် စကောင်စီဘက်က ထိန်းချုပ်ထားနိုင်ပြီ ဆိုတဲ့အကြောင်း ဝါဒဖြန့်ချင်တာကြောင့် ပြန်လာဖို့အတွက် ဖိတ်ခေါ်ပြီး မြို့ဖွံ့ဖြိုးရေးအတွက် ဟန်ပြလုပ်ဆောင်နေကြတယ်လို့ ခေတ္တပြန်ရောက်နေသူတွေက ပြောပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now