ဒေသတွင်းသတင်း

လောက်ကိုင်က ဗမာတန်းအဆောက်အဦတွေ ဖျက်တဲ့အကြောင်း MNDAA ရှင်းလင်း

မဲခေါင် 13 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့ပေါ်က ဗမာတန်းဖျက်ရတဲ့အပေါ် MNDAA ပြောခွင့်ရ လီကျားဝင်းက သူရဲ့လူမှုကွနရက်ပေါ်မှာ မတ်လ ၁၂ ရက် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါတယ်။

မဲခေါင်၊ မတ် ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့ပေါ်က ဗမာတန်းဖျက်ရတဲ့အပေါ် MNDAA ပြောခွင့်ရ လီကျားဝင်းက သူရဲ့လူမှုကွနရက်ပေါ်မှာ မတ်လ ၁၂ ရက် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါတယ်။

ဗမာတန်းကို ဖျက်တယ်ဆိုတဲ့ လူမျိုးရေးမဟုတ်ကြောင်း၊ လမ်းရဲ့ အလယ်ခေါင် တစ်လျှောက်လုံး ဆိုင်ခန်း အဆောက်အဦတွေ ဆောက်ထားပြီး လမ်းအစွန်မှာ အထူးဒေသ (၁) ရဲ့ အကြီးဆုံးစာသင်ကျောင်းရှိပြီး၊ နောက်တစ်ဖက်တွင် မြို့မဈေးနဲ့ ထိစပ်နေတယ် လို့ လီကျားဝင်းက ဆိုပါတယ်။

အဲ့ဒီအခြေအနေတွင် လမ်းကျဥ်းကားများပြီး လမ်းပိတ်တဲ့အတွက် အလယ်မှာဆောက်ထားတဲ့ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးခဲ့ခြင်းတာ ဖြစ်တယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။

“ကျနော်တို့က ဒီလမ်းကြောတစ်ခုကိုပဲ ဖြိုတာမဟုတ်ပါဘူး၊ တခြားနေရာမှာ လမ်းအလယ်ကောင်တည့်တည့်မှာ အဆောက်အဦဆောက်ထားတဲ့နေရာတွေကိုလည်း ကျနော်တို့က ဖြိုပါတယ်၊ ဒီတစ်ခုထဲကိုလည်း မဟုတ်ပါဘူး၊ အခြားနေရာတွေကိုတော့ ကျနော်တို့ ဖြိုတောင်ဖြိုပြီးသွားပြီ၊ ဆိုတော့ ကျနော်ပြောချင်တာက ဒါဟာ လူမျိုးရေးလဲမဟုတ်ဘူး ဒါကဘာ အကြောင်းကြောင့်လဲ မဟုတ်ဘူး၊ ဒါက ကျနော်တို့ လောက်ကိုင်မြို့နဲ့ကျနော်တို့ရဲ့ အထူးဒေသပြန်လည်ထူထောင်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒါက မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်တယ်၊ ပြီးတော့ လျော်ကြေးပဲဖြစ်ဖြစ်၊ နေရာ ပြန်လည်ချထားရေးပဲဖြစ်ဖြစ် ဒီကိစ္စရပ်တွေကိုတော့ ကျနော်တို့ ဗဟိုကော်မတီဝင်တွေက ဆွေးနွေးတိုင်ပင်နေတာ ရှိပါတယ်၊ ဒါ ဘယ်လိုစီစဉ်မလဲ ဆိုတာကိုတော့ ကျနော့အနေနဲ့အသေးစိတ် မသိရသေးပါဘူး” လို့ လီကျားဝင်း က ပြောပါတယ်။

ဖြိုချဖျက်ဆီးခံရမယ့် ဗမာတန်းက ဆိုင်ရှင် ၊ အိမ်ရှင် မိသားစု ၁၀၀ ခန့်ကတော့ နီးစပ်ရာတွေကို ၃ ရက်အတွင်း အခက်အခဲပေါင်းများစွာနဲ့ ပြောင်းရွှေ့သွားကြပြီးဖြစ်သလို ဖျက်သိမ်းရေးလုပ်ငန်းတွေ ဒီနေ့ မတ်လ ၁၃ ရက်မှာ လုပ်ကိုင်နေကြပြီလို့ သတင်းအရင်းအမြစ်တွေထံကသိရပါတယ်။

နှမျောတာတော့ တစ်သက်လုံးနှစ် ၂၀လောက်ရှာခဲ့နေခဲ့တာလေ၊ အခုတော့ လျော်ကြေးပဲဖြစ်ဖြစ်၊ နေရာအစားရတာပဲဖြစ်ဖြစ်ကိုပဲ မျှော်လင့်နေရာတပဲ၊ ဘာမှပြောသံမကြားရသေးဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။

လောက်ကိုင်မှာ မြို့သာယာဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ ဖြိုချဖျက်စီးခဲ့တဲ့အထဲမှာ ယခင်အုပ်ချုပ်ရေးအဆောက်အဦဖြစ်တဲ့ လဝကရုံးအပြင် နတလ ဆေးရုံကိုလဲ ဖြိုချခဲ့ပြီးဖြစ်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

MNDAA ဟာ အရင် စစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို ပယ်ဖျက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထူးဒေသ(၁) အဖြစ်ကြေညာပြီး ကိုယ်တိုင်အမိန့်စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now