လားရှိုးအကျဉ်းထောင်ဝန်းအတွင်းရှိ ရိပ်သာမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်၊ မနက် ၈နာရီခွဲဝန်းကျင်အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၅မိနစ်ကျော်အကြာမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီမီးလောင်မှုကျွမ်းကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့လည်း သိရပါတယ်။