မဲခေါင် ၊ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးသည်ကားတွေဟာ ကုန်တင်ခွင့်မရတော့လို့ ကားခတွေ မြင့်တက်ကောက်ခံလာတာကြောင့် ခရီးသွားပြည်သူတွေ ပိုမိုဒုက္ခရောက်လာကြတယ်လို့ သိရပါတယ်။
“မသွားမဖြစ်သွားရတော့ ၁ သိန်းလဲပေးရတာပဲ မတတ်နိုင်ဘူး’ဟု ကျိုင်းတုံကနေ တောင်ကြီးသွားခရီးသည်တစ်ဦးက ပြောပါတယ်။
အရင်က ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံကို ကားခ လူတစ်ယောက် ၆ သောင်းပဲရှိပေမယ့် အခု ၁ သိန်းကနေ ၁ သိန်း၂ သောင်းအထိ ၁ ဆ မြင့်တက်သွားတာပါ။
‘ဆီဖိုး၊ လမ်းကြေး၊ မောင်းခတွေနဲ့ ဘာမှမကျန်ဘူး၊ စျေးမြင့်ပေမယ့် ရတာကနည်းနည်းရယ်၊ ဒီကြးထဲ ကားပြင်ရရင် အိတ်စိုက်ပေရော့ပဲ၊ ခရီးသွားလဲ ဒီကာလမှာ မရှိသလောက်လေ၊ မကိုက်ရင် ကားရပ်ရတော့မယ်’ လို့ခရီးသည်တင် ကားပိုင်ရှင်တစ်ဦးကပြောပါတယ်။
တောင်ကြီးမြို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ခရီးသည် ကားတွေကုန်တွေ အဆမတန်မတင်ဖို့နဲ့ စစ်ဆေးတွေ့ရှိခဲ့ရင် ဒဏ်ရိုက်တာကအစ လိုင်းပိတ်သိမ်းတာ အဆုံးအရေးယူမယ်လို့ စစ်ကောင်စီခန့်ရှမ်းပြည် နယ်(တောင်ပိုင်း) ပုဂ္ဂလိကယာဥ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ဖေဖော်ဝါရီ ၁၂ရက်စွဲနဲ့ ယာဥ်လိုင်းတွေဆီ ညွှန်ကြားခဲ့တာပါ။
MK-012