စစ်ရေးသတင်း

မံစီမြို့နယ်က ဟန်ထက်စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

မဲခေါင် 5 Apr - 2024
ဟန်ထက်ရွာက စစ်ကောင်စီစခန်းကို ဧပြီလ ၅ ရက်နေ့မနက် ၇ နာရီ ဝန်းကျင်ခန့်က KIA နဲ့ ပူး‌ပေါင်း တပ်ဖွဲ့‌တွေက သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က ဗန်းမော် – မန္တလေး ကားလမ်းပေါ်ရှိ ဟန်ထက်ရွာက စစ်ကောင်စီစခန်းကို ဧပြီလ ၅ ရက်နေ့မနက် ၇ နာရီ ဝန်းကျင်ခန့်က KIA နဲ့ ပူး‌ပေါင်း တပ်ဖွဲ့‌တွေက သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ အဲဒီ ဟန်ထက် စခန်းက စစ်ကောင်စီတွေက မနေ့က ဧပြီ ၄ ရက်ညပိုင်း ကတည်းက သူတို့ဘာသာ ထွက်သွားတာ။ အစောပိုင်းတော့ ပစ်နေသေးတယ်။” လို့ KIA ရှေ့တမ်း သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒီမနက်မှပဲ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက တပ်ရှင်းလင်းရေး လုပ်ပြီး သိမ်းလိုက်တာလို့ သူက ပြောပါတယ်။

အဲဒီ အနီးနားက တပ်စခန်းကြီးတွေအတွက် ကာကင်းပုံစံ ပဲ လုပ်ထားပေမယ့် စစ်ကောင်စီအတွက်ကတော့ အရေးပါတဲ့ တပ်စခန်းဖြစ်ပြီး အောပ်ဘက် ဆင်းသွားရင် မန္တလေး၊ ဘယ်ဘက်သွားလိုက်ရင် မိုင်းခေါင်၊ နအ်လင်းပါ၊ အပေါ်ဘက် တက်လာရင် မိုးမောက်၊ ဗန်းမော် တွေဘက် ပေါက်တဲ့ အဓိက လမ်းဆုံ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“ ဟန်ထက် စခန်းကို ဒီမနက်က သိမ်းရတာ။ ဒီနေ့နေ့လည်မှာတော့ လမ်းပေါ်က စစ်ကောင်စီရဲ့ဂိတ် မီးရှို့ ဖျက်စီး လိုက်ပြီ။” လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

မိုးမောက်နဲ့ မံစီ မြိုနယ်မှာက စစ်ကောင်စီ စခန်းမရှိသလောက် သိမ်းလိုက်ပြီဖြစ်ပြီး မံစီနဲ့ ဗန်းမော်ကြား စစ်ကောင်စီစခန်းကြီးနဲ့ ဗန်းမော်မြို့က စစ်ကောင်စီ ဗျူဟာ တို ၂ ခုတော့ အကြီးကြီး ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။

ရွှေကူ အနီး တဝိုက် အထိ အကုန် သိမ်းထားပြီဖြစ်ပြီး ဗန်းမော်မှာတောင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဗန်းမော်လေဆိပ် လာထုလို့ ဆရာဝန်တွေ အပါအဝင် Non CDM ဝန်ထမ်းတွေ အကုန်လုံးနီးပါး ‌ထွက်ပြေးကုန်ကြပြီလို့ သူက ရှင်းပြပါတယ်။

မတ်လ ၇ ရက်နေ့ကစ ကနေ့ ဧပြီလ ၅ ရက်နေ့အထိ ကချင်ပြည်နယ်၊ လွယ်ဂျယ် – ဗန်းမော် – မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား – ဖားကန့်လမ်း၊ မြစ်ကြီးနား – ပူတာအိုလမ်း၊ ‌ဗန်းမော် – နမ့်ခမ်းလမ်း နဲ့ လမ်ဇာ အနီး ဝန်းကျင်တွေ ဘက်က စစ်ကောင်စီ တပ်စခန်း ၆၀ ကျော်ကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားဝာ ဖြစ်ပလတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now