စစ်ရေးသတင်း

မူဆယ်မြို့နယ် မန့်ဟီးရိုးဒေသမှာ SSPP နဲ့ TNLA ပစ်ခတ်မှုဖြစ်

မဲခေါင် 8 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန့်ဟီးရိုး ဒေသမှာ ရှမ်းပြည် တိုးတက်ရေးပါတီ-SSPP နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန့်ဟီးရိုး ဒေသမှာ ရှမ်းပြည် တိုးတက်ရေးပါတီ-SSPP နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်က မန့်ဟီးရိုးဘက်မှာ လှုပ်ရှားရင်း မန့်ဟီးရိုး မရောက်မှီ စယ်လန့် အနီး အရောက် ၂ ဖက် ထိပ်တိုက် တွေ့ရာက နားလည်မှု လွဲမှားကာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

“ရွာထဲ၊ မြို့ထဲ မဝင်တိုက်ဖို့ SSPP က တအာင်းတပ်ကိုကော၊ စကစ တပ်ကိုကော အရင်အပတ်က စာပို့တယ်။ အခုက ဝင်တပ်စွဲဖို့ လုပ်ရင်း ဖြစ်တာပဲ။ ရွှေလီမြစ်ဝှမ်း တရုတ်နယ်စပ် ဂိတ်ပေါက်တွေက အကုန် ဝမ်ဟိုင်း (SSPP) လက်ထဲမှာလေ။ မန့်ဟီးရိုး၊ မန့်ဟောင်း၊ နောင်မ ကူးတို့ဆိပ်တွေလည်း ဝမ်ဟိုင်း လက်ထဲပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ TNLA နဲ့ SSPP တပ် နားလည်မှုလွဲမှား ပစ်ခတ်တယ်လို့ ဆိုပေမယ့် မဲခေါင် သတင်းဌာန အနေနဲ့ ၂ ဖက် ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ရာမှာ ပြန်လည် ဖြေကြားတာ မရှိပါဘူး။

“ပြေလည်မှု ရပြီလို့ ပြောတယ်ဗျ။ ပစ်ခတ်သံလည်း မကြားရတော့ဘူးလေ။ အခုတော့ ငြိမ်နေပြီ။ နားလည်မှုလွဲပြီး ပစ်ခတ်မှု ခဏဖြစ်သွားတာလို့ ပြောတယ်ဗျ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ အချင်းချင်း အခုလို ပစ်ခတ်မှု ဖြစ်ပွားတာဟာ ကောင်းကျိုး မရှိလို့ အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သင့်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုလို ဖြစ်တော့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီက အားရနေမှာပေါ့။ စစ်ကောင်စီကို တိုက်ဖို့ အချင်းချင်း ကူညီတာပဲ ကောင်းတယ်။ အခုလို အချင်းချင်း ပစ်မိတာ ၂ ဖွဲ့လုံးအတွက် မကောင်းဘူး” လို့ သူကပြောပါတယ်။

မန့်ဟီးရိုးမြို့ဟာ ရွှေလီမြစ်ဝှမ်းဒေသ အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်ပြီး ရွှေလီမြစ်ဝှမ်းဒေသဟာ TNLA၊ KIA၊ SSPP တပ်တွေအပြင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသမှာ နားလည်မှု လွဲမှားကာ SSPP နဲ့ TNLA တပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နောက်နောင် ထပ်မံမဖြစ်ပွားစေဖို့ ၂ ဖက် ခေါင်းဆောင်တွေ ဆွေးနွေး ညှိနှိုင်း သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

CJ-002

#MekongNews

#မန့်ဟီးရိုး

#TNLA

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now