ဒေသတွင်းသတင်း

မိုးဗြဲရေကာတာ ရေဖောက်ချနေလို့ လယ်ဧကထောင်ချီ ရေမြုပ်ပြီး စစ်ဘေးရှောင်တွေ အရေးပေါ် ပြောင်းရွှေ့

မဲခေါင် 13 Oct - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဘီလူးချောင်းရေဟာ မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် အဆမတန် ရေတက်လာပြီးနောက် မိုးဗြဲရေကာတာက ရေဖောက်ချနေရတယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဘီလူးချောင်းရေဟာ မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် အဆမတန် ရေတက်လာပြီးနောက် မိုးဗြဲရေကာတာက ရေဖောက်ချနေရတယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

လတ်တလော မိုးဗြဲရေကာတာကနေ ရေ ၅ ပေစီ ခွဲလွှတ်နေတာကြောင့် ဒေသတွင်း လယ်ဧက ထောင်ချီ ရေမြုပ်သွားတဲ့အပြင် စစ်ဘေးရှောင်စခန်းနဲ့ ဒေသခံ တချို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

“သတ်မှတ် ပမာဏာထက် ရေပြည့်လာလို့ ရေလွှတ်နေတယ်။ လွိုင်ကော် အနောက်ဘက်က လယ်ကွင်းတွေ ရေမြုပ်နေပြီ။ မိုးလည်း ဆက်ရွာမယ်၊ ရေကာတာကလည်း ရေဆက်လွှတ်မယ်ဆိုရင် နန့်ကွတ်၊ ရွှေတောင်ဘက်က ရွာတွေအကုန် ရေမြုပ်နိုင်တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ လွိုင်ကော်မြို့နယ်ထဲက ဘုရားဖြူ၊ ဘုရားနီကျေးရွာ အပါအဝင် စစ်ဘေးရှောင် စခန်း ၅၀ ကျော်ဟာ လွိုင်ကော်မြို့ပေါ်ကို ပြောင်းရွှေ့နေပြီး တောင်ကွယ်စေတီဘက်မှာ လူမှုကူညီရေး အသင်းတွေက ကားအစီး ၃၀ နဲ့ ကယ်ဆယ်ရေး အတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မိုးဗြဲရေကာတာ ရေပြည့်လာချိန် ရေလွှတ်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ရေတက်ချိန်စောတဲ့ အပြင် မိုးနေ့စဉ် ရက်ဆက် ရွာသွန်းတာကြောင့် အရင်ထက် ၃ ဆခန့် ရေလွှတ်နေရတာလို့ ရေကာတာနဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

“ပြောင်းတဲ့လူတော့ တော်တော်များနေပြီ။ ပိုက်ဆံမရှိတဲ့ လူတွေတော့ ဘယ်ပြောင်းနိုင်သေးမလဲ။ တော်တော်များများ အိမ်အောက်ထပ် ရေဝင်နေပြီ။ ကျနော်တို့က တစ်ပတ်လောက် စောင့်ကြည့်ဦးမယ်။ ရေက မဖောက်ထုတ်ရင်လည်း လျှံလာပြီး လွိုင်ကော် တစ်မြို့လုံး ရေမြုပ်မှာ။ အဲတော့ နည်းနည်းချင်းစီပဲ ဖောက်ထုတ်နေတာ” လို့ ဘုရားနီ ကျေးရွာနေ အမျိုးသား တစ်ဦးက ပြောပါတယ်။

လာမယ့် ရက်တွေမှာ မိုးဆက်တိုက် ရွာသွန်းပါက မိုးဗြဲရေကာတာကနေ ရေလျှံကျလာနိုင်ပြီး ဘီလူးချောင်းရေ မြင့်တက်မှုနဲ့အတူ လွိုင်ကော်မြို့ထဲက ဒေါတမ၊ လောဓမ၊ ဓမ္မာရုံ၊ မှုံပြာ၊ နန်းကွတ်၊ ဈေးပိုင်း၊ ရွှေတောင်၊ ဒေါနိုကူး စတဲ့ ရပ်ကွက်တွေဟာ ရေလွှမ်းသွားနိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်နေပါတယ်။

လတ်တလောမှာ အဆမတန် ရေတက်လာမှုကြောင့် လွိုင်ကော်မြို့နယ်၊ ဘီလူးချောင်း အရှေ့ဘက်က ကျေးရွာတွေနဲ့ လယ်ကွင်းတွေ၊ ဖယ်ခုံအင်း အနီးတစ်ဝိုက်က လယ်ကွင်းတွေ ဧကထောင်ချီ ရေလွှမ်းသွားပြီး တောင်သူတွေ ဆုံးရှုံးကုန်တယ်လို့ သိရပါတယ်။

CJ-007

#MekongNews

#မိုးဗြဲရေကာတာ

#လက်နက်ကြီး

#ရေနစ်မြုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now