ဒေသတွင်းသတင်း

မယ်ဆိုင်ကနေတာချီလိတ်ထဲဆိုင်ကယ်အစီး၄၀ခန့်ခိုးသွင်းသူ၅ဦးဖမ်းဆီးခံရပြီး၂လမပြည့်ခင်ပြန်လွတ်

မဲခေါင် 10 Apr - 2023
မယ်ဆိုင်ကနေ တာချီလိတ်ကို ဆိုင်ကယ်အစီး ၄၀နီးပါးခိုးသွင်းနေတဲ့ တာချီလိတ်က မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေအပါအဝင် ၅ဦးဟာ ဖမ်းဆီးခံရပြီး ၂လမပြည့်ခင်မှာဘဲ အမှုကနေပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရင်းမြစ်တွေက မဲခေါင်ကိုပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

မယ်ဆိုင်ကနေ တာချီလိတ်ကို ဆိုင်ကယ်အစီး ၄၀နီးပါးခိုးသွင်းနေတဲ့ တာချီလိတ်က မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေအပါအဝင် ၅ဦးဟာ ဖမ်းဆီးခံရပြီး ၂လမပြည့်ခင်မှာဘဲ အမှုကနေပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရင်းမြစ်တွေက မဲခေါင်ကိုပြောပါတယ်။

သွင်းကုန်/ထုတ်ကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ခံရတဲ့ ဦးတင့်ဆွေအပါအဝင် ၅ဦးဟာ ဧပြီလ ၇ရက်က ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဒီပုဒ်မက ထောင်ဒဏ် ၃နှစ်အထိချလို့ရတယ်။ အနည်းဆုံးတော့ တစ်နှစ်လောက်ချလေ့ရှိတယ်။ အခုလောက်နဲ့ ပြန်လွတ်လာတာဆိုတော့ ဘယ်လောက်တောင်လိုက်ထားလဲဆိုတာ သိသာတယ်” လို့ သူကပြောပါတယ်။

ဦးတင့်ဆွေအပါ ၅ဦးဟာ ဖေဖော်ဝါရီလ ၁၅ရက်က မယ်ဆိုင်ကနေ တာချီလိတ်ဘက်ကို ဆိုင်ကယ်တွေခိုးသွင်းနေစဉ် နယ်စပ်တစ်နေရာမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲဆိုသူ အမှုကနေ ၇လခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၈လခန့်က မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်လုံမြင့်ထွေးဆိုသူဟာလည်း မကြာခင်မှာ ပြန်လည်လွတ်မြောက်ဖို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

MK – 004

#MeKongNews

#တာချီလိတ် 

#ဦးတင့်ဆွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now