မဲခေါင်၊ မတ် ၂၅
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိသားနေ့ ကျရောက်သည့် မတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ဒရုန်းဗုံးများဖြင့် အကြိမ် ၅၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
ယမန်နေ့ မတ်လ ၂၄ ရက် မနက် ၁၀ နာရီက နေ့လည် ၂ နာရီအထိ စစ်ကောင်စီဟာ ဆီဆိုင်မြို့ထဲကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ၂၈ ကြိမ်ပစ်ခတ်ခဲ့ပြီး ညနေ ၅နာရီက စ၍လည်စး လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော်၊ ဒရုန်းနဲ့ ဗုံး ၆ ကြိမ် ကြဲချတိုက်ခိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက် မှာ ဆီဆိုင်မြို့ကို လက်လွှတ်ခဲ့ရပြီးနောက် ၂ လကြာသည်အထိ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ဆိုက်ခေါင်အထိုင်ချ ဟဲဟိုး အမတ၂၀၇ က အမြောက်တွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး PYO ရဲ့ မတ်လ ၁၈ ရက် က ရှမ်းတောင်တိုက်ပွဲအခြေအနေနဲ့ဖြစ်စဉ်များ ထုတ်ပြန်ချက်မှာ လက်နက်ကြီး ပစ်ခတ်မှု ၂၁၂၀ ကြိမ်နဲ့အထက်ရှိခဲ့တယ်လို့ ဖော်ပြပါရှိထားပါတယ်။
MK-012