စီးပွားရေး

ပင်လောင်းတိုက်ပွဲကြောင့် စိုက်သူနည်းတဲ့အတွက် ဂေါ်ဖီထုပ်တွေဈေးကောင်းရနေ

မဲခေါင် 3 Jul - 2024
ဂေါ်ဖီအများဆုံးစိုက်ပျိုးတဲ့ ပင်လောင်းဒေသမှာ ဒီနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်တောင်သူနည်းပါးပြီး ဝယ်လိုအားများနေတာကြောင့် ဂေါ်ဖီဈေးနှုန်းမြင့်တက်နေတာလို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၃

ဂေါ်ဖီအများဆုံးစိုက်ပျိုးတဲ့ ပင်လောင်းဒေသမှာ ဒီနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စိုက်တောင်သူနည်းပါးပြီး ဝယ်လိုအားများနေတာကြောင့် ဂေါ်ဖီဈေးနှုန်းမြင့်တက်နေတာလို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မိုးရာသီဖြစ်တဲ့အတွက် ကုန်အပျက်အစီးရာခိုင်နှုန်းက ပိုများလာတဲ့အတွက် ပစ္စည်းကောင်းတွေဟာ စျေးပိုရလာပြီး ဈေးအဆမတန်မြင့်တက်နေတာပါ။

ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ ယခုလပိုင်းအတွင်း ရန်ကုန်စူပါမားကတ်မှာ တစ်ထုပ် ၁၀၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနေရတဲ့ အခြေအနေမျိုးရှိနေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့သူတွေဆီကနေ သိရပါတယ်။

“ပစ္စည်းရှားချိန်ဆို ပစ္စည်းရချင်တဲ့သူတွေက စျေးအပြိုင်ပေးလာကြတယ်။ အဲ့မှာ စျေးအမြင့်ဆုံးလေလံဆွဲသလို ပေးရင်းတက်လာတာ။ ဒီနှစ်ကတော့ ရန်ကုန်က ဖြုန်းအားများတယ်” လို့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဒေသအသီးသီးမှာတော့ ၈၀၀၀-၁၀၀၀၀ ပေါက်စျေးတွေနဲ့ ရောင်းဝယ်နေကြပေမယ့် စိုက်ပျိုးတောင်သူတွေအနေနဲ့ကတော့ ၂၅၀၀ – ၃၀၀၀ အဝယ်နှုန်းသာရနေတယ်လို့ ဆိုပါတယ်။

“ကျမတို့စိုက်တုန်းက တစ်ဧကစိုက်တာ။ ၅ သောင်းပဲရလို့ မျိုးဖိုးတောင်မရဘူး။ ရှုံးခဲ့ရတာတွေအတွက်လည်း တောင်သူတွေကို ပြန်ကာမိစေချင်တယ်” လို့ စိုက်ပျိုးတောင်သူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းရှိ ရွာငံ၊ ပင်းတယ၊ ကလော၊ ပင်လောင်း စတဲ့ဒေသတွေမှာ ဂေါ်ဖီထုပ်ကို စိုက်ပျိုးကြပြီး လက်ရှိ ဈေးကောင်းရနေပေမယ့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်သားခတွေ ၃ ဆခန့် စျေးတက်နေတဲ့အပြင် မိုးရာသီမှာ စိုက်ခင်းတွေ ပျက်စီးကုန်တာကြောင့် တောင်သူတွေအနေနဲ့ အမြတ်နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘဏ်ကဖေါက်လာတဲ့ ခိုးရာပါပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်သားအလောင်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ကပြော

မိုးကုတ်မြို့က KBZ Bank တွေကို စောင့်ကြပ်ရတဲ့ စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းခိုးယူထားတဲ့ရတနာနဲ့ ငွေတွေကို တိုက်ပွဲမှာရတဲ့အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲမြို့နယ်အတွင်း တအာင်း(TNLA)တပ်နဲ့ ရှမ်းတပ်(SSPP) တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်အတွင်း မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ နေရာ ၃ နေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသမီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြစ်ကြီးနားမှာ လောင်စာဆီ တစ်လီတာ ၂ သောင်းကျပ်အထိ ပြင်ပဆိုင်တွေမှာ ပေါက်ဈေး ရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(ဆီပန့်)တွေက အကန့်အသတ်နဲ့သာ ရောင်းချပေးတာကြောင့် ပြင်ပဆိုင်တွေမှာ တစ်လီတာ ၂ သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မီတာခ ၃ ဆ တိုးကောက်တော့မယ်လို့ဆို

တောင်ကြီးမြို့မှာ မီတာခ ၃ ဆတိုးကောက်တော့မယ်ဆိုပြီး ဇူလိုင်လ ပထမပတ်အတွင်းက ရပ်ကွက်တချို့မှာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကွတ်ခိုင်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံး ၃လုံး ကြဲချ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံ တစ်ဦးထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စဉ့်အင်မှာ စစ်ဘေးရှောင် ကား ၁ စီး ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရ

ရှမ်းမြောက်၊ လာရှိုးက စစ်ဘေးရှောင် အိမ်စီးကားတွေဟာ စဉ့်အင်ချောင်းကူး ဖောင်မှာ ကား ၁ စီးကို ကျပ် ၅ သိန်းအထိ ပေးပြီး ကူးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရယ်သွား လမ်းဘက်ပါ စစ်ရေးကျယ်ပြန့်လာလို့ လားရှိုးစစ်ရှောင်တွေကို MNDAA ကိုးကန့်တပ်တွေက ပြန်လှည့်ခိုင်းနေ

ရှမ်းမြောက်၊ လားရှိုး-မိုင်းရယ် နှင့် မိုင်းကိုင်-မိုင်းရှုးလမ်းဘက်ကနေ တောင်ကြီးအထိ ယခင် သွားနိုင်ခဲ့ပေမယ့် ခုတော့ မိုင်းရယ်ဘက်ပါ စစ်ရေးကျယ်ပြန့်လာနေလို့ ကိုးကန့် MNDAA တပ်တွေက စစ်ဘေးရှောင်တွေကို သွားခွင့်မပြုတော့ဘဲ ပြန်လှည့်ခိုင်းနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ မိုးရွာတာကြောင့် စစ်ရှောင် နှစ်ရာကျော် စဉ့်အင်ဖောင်ဆိပ်မှာ ပိတ်မိနေ

ရှမ်းမြောက်၊ လားရှိုးမြို့မှာတိုက်ပွဲ ပြင်းထန်တာကြောင့် ဒီနေ့ဇူလိုင် ၅ရက်နေ့ မနက်ပိုင်းမှာ စစ်ရှောင်ကားအစီး ၁၀၀ လောက်ထွက်ခွာခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now