မဲခေါင်၊ မတ် ၁၃
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧကတစ်ထောင်ကျော်ကို တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က သွားရောက် ဖျက်စီးခဲ့တယ်လို့ ဒီနေ့ မတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှ မနေ့ ၁၂ ရက်နေ့အထိ သွားရောက်ဖျက်စီးခဲ့ပြီး ကျေးရွာပေါင်း ၁၅ ရွာရှိတဲ့ ဘိန်းစိုက်ခင်းဖြစ်ပါတယ်။
ဘိန်းစိုက်ခင်း ၁၁၂၅ ဧကရှိပြီး ၉ ရက်တိုင်တိုက်ကြာအောင် အချိန်ယူဖျက်ဆီးခဲ့ပြီး ၎င်းဒေသတွင်းမှာ အရင်က စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့တဲ့ နေရာဒေသ ဖြစ်တယ်ပါတယ်။
အဆိုပါကျေးရွားများဟာ တာကွမ့်ကျေးရွာ (၂၈၄ ဧက)၊ ရှောက်ကုန်းကန် (၁၆၄ ဧက)၊ မန်ပန်း(ထက်၊အောက်) (၁၅၇ ဧက)၊ ကန်ဖာဖို (၁၅ ဧက)၊ အထက်ဆတန်း (၃၂ ဧက)၊ အောက်ဆတန်း (၂၇ ဧက)၊ ပန်ဆေး (၁၅၉ ဧက)၊ ဆန်ချယ် (၅၇ ဧက)၊ မန်မောင်း (၁၁၇ ဧက)၊ မန့်မိုင် (၁၄ ဧက)၊ လျောက်ပန်းကုန်း (၁၉ ဧက)၊ ပုံစာတီ (၁၀ ဧက)၊ ၁၂မိုင် (၃၅ ဧက)၊ ပါင်ဝို (၁၀ ဧက)နှင့် မည်ခမ်း (၂၅ ဧက)များ ဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုဒေသမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဘိန်းစိုက်ခင်တွေကို TNLA တပ်ဖွဲ့က သွားရောက် ဖျက်ဆီးနေစဥ်မှာ ပန်ဆေးပြည်သူစစ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဘိန်းစိုက်ခင်းဖျက်စီးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
MK-011