ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင် 6 Jun - 2023
မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇွန် ၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အိမ်တွေ ဆောက်လုပ်ထားတယ်လို့ ဆိုကာ တောင်ကြီး ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်းနေတယ်လို့ သူကပြောပါတယ်။

“ကျွန်တော့ မိတ်ဆွေ တစ်ယောက်က အဲ့ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ့နော်။ အဲ့မှာ အိမ်ဆောက်ထားတာ မကြာသေးဘူး။ အခု ခြံစည်းရိုး အုတ်တံတိုင်း တက်နေတုန် းစာရောက်လာတာ။ ၉ ရက်နေ့ အပြီးဖျက်ပေး၊ မဟုတ်ရင် တရားစွဲမယ်ဆိုပြီး။ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ အဲ့နားမှာ အိမ်တွေ များတယ်။ ဘာလို့ ဖျက်ခိုင်းလဲ ဆိုတော့ လယ်ယာမြေပေါ် အိမ်ဆောက်ခွင့်မပြုဘဲ ဆောက်လို့ဆိုပြီး ပြောတယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ စာပို့တဲ့ တောင်ကြီး လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့နဲ့တော့ စကားပြောကြည့်ဖို့တော့ အကြံပေးထားတယ်။ ဘာဆက်ဖြစ်မလဲတော့ မသိဘူး” လို့ သူကပြောပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖားမွန်းကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေး ဥက္ကဌ ဖြစ်သူကို ဖုန်း ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

လက်ရှိမှာ‌တော့ လယ်ယာမြေပေါ် အိမ်ဆောက်ထားတဲ့ ဒေသခံတွေက ဖားမွန်းကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဆွေးနွေးနေပြီး အခြေအနေတွေတော့ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လူနေအိမ်ခြံမြေတွေ ဈေးနှုန်းကြီးမြင့်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ကလောမြို့နယ်မှာ လယ်ယာမြေကို အကွက်ရိုက် ရောက်းချတာ၊ သစ်တောမြေတွေကို ကျူးကျော် အကွက်ရိုက် ရောင်းချတာတွေ အများအပြား ဖြစ်ပေါ်နေလို့ ဝယ်ယူသူတွေ ဆုံးရှုံးနိုင်တယ်လို့ တောင်ကြီးမြို့က ဝါရင့် အိမ်ခြေမြေ အကျိုးဆောင် တစ်ဦးက သုံးသပ်ပါတယ်။

Mk-007

#MeKongNews

#တောင်ကြီးမြို့နယ်

#လယ်ယာမြေ

#ဖားမွန်းကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now