ဒေသတွင်းသတင်း

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

မဲခေါင် 21 Apr - 2024
ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၀

တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ကို သွားလာဖို့ အရင်က ဖြတ်သန်းသွားလာခွင့်ရခဲ့ပေမယ့် ဧပြီလဒုတိယပတ်လောက်ကစတင်ပြီး ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာလို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ CDM ဝန်ထမ်းနဲ့ နီးစပ်သူက ပြောပါတယ်။

“အရင်က သွားနေကျကို အခုတခါ CDM Blacklist ဆိုပြီး ပြန်ခိုင်းတယ်။ ပေးမသွားဘူး။ ၃လပိုင်းက နောက်ဆုံးသွားခဲ့သေးတယ်။ မှတ်ပုံတင်နံပတ်တွေ၊ အချက်အလက်တွေဖြည့်တုန်းက ဘာမှမဖြစ်ဘူး။ ဓာတ်ပုံရိုက်တော့မှ Alarm ထမြည်တာ။ သူက စမတ်ကတ်အတွက်လည်း အချက်အလက်ပေးထားတော့ အဲဒါနဲ့တွဲပြီး သွားပေါ်တယ်ထင်တယ်” လို့ သူက ပြောပါတယ်။

အရင်က တာချီလိတ်တံတား ၁ ကနေ ဖြတ်သန်းသွားလာသူတွေထဲ ၅၀၅ စာရင်းဝင်တဲ့သူတချို့ ဖမ်းဆီးခံရတာမျိုးရှိပေမယ့် CDM ဝန်ထမ်းတွေကို ဖြတ်သန်းခွင့်ပိတ်ပင်တာမျိုး မရှိခဲ့ဘူးလို့ တံတားလဝကနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နယ်စပ်အဝင်အထွက်က လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ ဒီလပိုင်းအတွင်း ကွန်ပြူတာစနစ်ကိုအဆင့်မြှင့်ထားပြီး လက်ရှိပြည်တွင်းမှာ စမတ်ကတ်အတွက် အတင်းကောက်ခံနေတဲ့ ဇီဝအချက်အလက်စနစ် (ဘိုင်အိုမက်ထရစ်)ကို တပါတည်း ချိတ်ဆက်ထားတယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

“အခုက တာချီလိတ်တံတားမှာရော တခြားနယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေမှာပါ အဆင့်မြှင့်ထားတယ်။ အရင်က ၅၀၅ စာရင်းလောက်ပဲရှိတာ၊ အခု CDM စာရင်းပါ ရှိတယ်။​ CDM သမားတွေ သတိထားဖို့လိုတယ်” လို သူက သတိပေးပြောဆိုပါတယ်။

CDM ဝန်ထမ်းတွေအနေနဲ့ ဘဏ်အကောင့်ဖွင့်တာ Kpay ကဲ့သို့ Mobile Payment တွေ ဖွင့်လှစ်ရာမှာလည်း ဖွင့်လှစ်ခွင့်မပြုတာတွေ ကြုံလာရတယ်လို့ CDM ဝန်ထမ်း ၁ဦးက မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ရက်က ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာမယ့် CDM ဝန်ထမ်း ၂ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး CDM ဝန်ထမ်းတွေကို ပတ်စ်ပို့ လာရောက်ပြုလုပ်စဉ်ကတည်းက ဖမ်းဆီးနိုင်ဖို့ ညွှန်ကြားထားကြောင်း ရန်ကုန်ခေတ်သစ် သတင်းမှာ ဖော်ပြထားပါတယ်။

ဧပြီလ ပထမပတ်အတွင်းကစလို့ မြဝတီမြို့ တံတား ၁ ကနေ ထိုင်းနိုင်ငံမဲဆောက်မြို့ကို သွားရောက်သူတချို့လည်း ပိတ်ပင်ခံရပြီး Blacklist သွင်းခံရတာမျိုး ကြုံလာရတယ်လို့ ဖြတ်သန်းသွားလာသူတွေထံကနေ စုံစမ်းသိရပါတယ်။

MK – 004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now