ဒေသတွင်းသတင်း

ဆီဆိုင်မြို့နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ပြေးကုန်လို့ ဒေသခံတွေ စစ်ဖြစ်မှာ စိုးရိမ်နေ

မဲခေါင် 24 Jan - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့မှာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ မြို့ပေါ်ကတိမ်းရှောင်ကုန်ကြလို့ ဒေသခံတွေအနေနဲ့ စစ်ပွဲဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့မှာ ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ မြို့ပေါ်ကတိမ်းရှောင်ကုန်ကြလို့ ဒေသခံတွေအနေနဲ့ စစ်ပွဲဖြစ်မှာကို စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ် နဲ့ ၂ မိုင်အကွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေရောက်နေပြီဖြစ်လို့ အထွေထွေအုပ်ချုပ်ရေးရုံးက ဒီမနက်မှာ ရဲဌာနအပါအဝင် တမြို့လုံးက ဌာနဆိုင်ရာဆိုင်ရာဝန်ထမ်းများအားလုံး တခြားမြို့တွေကို တိမ်းရှောင်ကြဖို့ ဖုန်းဆက်အကြောင်းကြားခဲ့တာ လို့သိရပါတယ်။

“လျှပ်စစ်မီးလိုင်းလည်းပြတ်၊ ဆေးရုံကဝန်ထမ်းတွေအားလုံး တိမ်းရှောင်သွားကြတော့ လူနာတွေလည်း ကိုယ့်အိမ်ကိုယ်ပြန်ကုန်ကြပြီ။ ဈေးတွေ ကျောင်းတွေလည်းပိတ်သွားပြီ။ ဌာနဆိုင်ရာရုံးတွေအားလုံးလည်းပိတ်ထားတယ်” လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကို ပြောပြပါတယ်။

ဆီဆိုင်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတွေနဲ့ ဆိုက်ခေါင်ဒေသခံတချို့ ဆီဆိုင်မြို့ကနေ ၂ နာရီသာဝေးတဲ့ စစ်ကောင်စီနယ်မြေစိုးမိုးထားတဲ့ တောင်ကြီးမြို့ကို တိမ်းရှောင်ထွက်ပြေးလာနေကြတယ်လို့ ဆိုပါတယ်။

ဒီနေ့နေ့လယ် ၁၂ နာရီကျောခန့်က စစ်ကောင်စီ ကင်းထောက်လေယာဉ်တစ်စီး ဆီဆိုင်မြို့ပေါ်ကို မိနစ်အတော်ကြာ ဝဲသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လျှပ်စစ်မီးတွေလည်းဖြတ်ခံထားရသလို တချို့ရွာတွေမှာ ဖုန်းလိုင်းမရတော့တာ တစ်လနီးပါးခန့်ရှိနေပြီလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၁လရက်နေ့က ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျောက်ကချားလမ်းကနေ ဆီဆိုင်မြို့သို့ ပို့မယ့် လက်နက်သယ်လာတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ကားတွေကို စံဖူး(လုံးဟီး)ရွာက စစ်ကောင်စီ နဲ့ PNA ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့က စစ်ဆေးရာကနေ ညှိနှိုင်းမရဘဲ ပစ်ခတ်မှုပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ စံဖူး(လုံးဟီး)ရွာတိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)နယ်မြေ ဖြစ်တဲ့ ဆီဆိုင်မြို့နယ် နောင်ထော်ဝ်ရွာဝန်းကျင်ကို ဇန်နဝါရီ ၂၂ ရက်ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင်စခန်းက ကရင်နီ စစ်ရှောင် ၂ ဦး သေဆုံးခဲ့ရပါတယ်။

ဆီဆိုင်မြို့နယ်မှာ အာဏာသိမ်းပြီးနောက် ကရင်နီစစ်ဘေးရှောင်တွေ လာရောက်အခြေချ နေထိုင်ကြသလို PNLO အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာလည်း စစ်ရှောင်အများအပြား နေထိုင်ကြပါတယ်။

တိုက်ပွဲထပ်ဖြစ်လာရင် စစ်ရှောင်ဖို့အတွက် အခက်အခဲထပ်ဖြစ်နိုင်လို့ စိတ်ပူမိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။

“ဖရူဆိုကနေ လွိုင်ကော်၊ လွိုင်ကော်ထပ်ဖြစ်တော့ ဆီဆိုင်ပြေးလာတာ။ အခုဆီဆိုင်ကပါ ထပ်ဖြစ်မယ်ဆိုတော့ ရူးချင်ချင်ဖြစ်နေပြီ”

နေ့လယ် ၁၂ နာရီခွဲခန့်က တောင်ကြီးမြို့ကနေ စစ်ကောင်စီ အင်အား ၂၀၀ ခန့် စစ်ကားတန်းနဲ့အတူ ဆီဆိုင်မြို့ကို ထွက်သွားနေတယ်လို့ သိရပါတယ်။

CJ-001

#MeKongNews

#ဆီဆိုင်

#စစ်ကောင်စီ

#PNA

#PNO

#PNLA

#PNLO

#စစ်ဘေးရှောင်

#ထွက်ပြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now