စီးပွားရေး

ဆီကုန်သည်တွေ ခွဲတမ်းရရှိမှုနည်းကာ စားသုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်

မဲခေါင် 19 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၉ ပြည်တွင်း စားသုံးဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်နေကာ ဆီကုန်သည်များ ခွဲတမ်းရရှိမှုနည်းပြီး ဈေးကွက်အတွင်း ဆီပြတ်လပ်မှုတွေ ရှိနေတယ်လို့ စားသုံးဆီဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၉

ပြည်တွင်း စားသုံးဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်နေကာ ဆီကုန်သည်များ ခွဲတမ်းရရှိမှုနည်းပြီး ဈေးကွက်အတွင်း ဆီပြတ်လပ်မှုတွေ ရှိနေတယ်လို့ စားသုံးဆီဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မေလပိုင်းကနေစပြီး ထိန်းချူပ်ကန့်သတ်မှုတွေလုပ်ဆောင်လာတာကြောင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဝယ်ယူခွင့်မရကာ ပစ္စည်းပြတ်လပ်မှု မကြာခဏဖြစ်ပေါ်ပြီး ဈေးကြီးမြင့်တွေ ဖြစ်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စားဆီဈေးကွက် ထိန်းချူပ်ထားတာအပြင် နိုင်ငံပိုင်ဘဏ် ၂ ဘဏ်ကို အမေရိကန်က အရေးယူမှု ပြုလုပ်ခဲ့တာကြောင့် ဒေါ်လာရှားပါးမှုပိုမိုမြင့်တက်လာပြီး ဒေါ်လာအသုံးပြုကာ တင်သွင်းရတဲ့ စားသုံးဆီ ဈေးကွက်မှာ ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်ပေါ်နေတာလို့ ဆီကုန်သည်များကဆိုပါတယ်။

“ပြီးခဲ့တဲ့အပတ်ကတည်းက ဆီကပြတ်နေတာ၊ လုံးဝဝယ်လို့မရဘူး၊ အရင်က ပေပါ ၂၀ လောက် ဝယ်ရတဲ့နေရာမှာ ၅ ပေပါလောက်ဘဲ ဝယ်လို့ရတယ်၊ ပစ္စည်းကမှာလို့မရတာမဟုတ်ဘူး၊ နိုင်ငံခြားငွေကြေးအပေါ်ထိန်းချူပ်ထားတာ၊ ကုမ္မဏီအကြီးတွေမှာက ပစ္စည်းရှိတယ် မရောင်းပေးဘူး၊ တက်ဈေးမှာရောင်းဖို့လှောင်ထားကြတယ်” လို့ အမည်မဖော်လိုသူ ဆီကုန်သည်တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒေါ်လာရရှိရေး စီမံခန့်ခွဲမှုအပေါ်မှုတည်ပြီး ကုန်ပြတ်လပ်မှုနဲ့ ဈေးနှုန်းကျဆင်းမှုမှာ တိုက်ရိုက်အချိုးကျတာကြောင့် စောင့်ကြည့်အနေအထားသာဖြစ်တယ်လို့ ကုန်သည်များကဆိုပါတယ်။

လတ်တလောပြင်ပဈေးကွက်မှာ စားသုံးဆီ ပေပါလိုက်ဈေးနှုန်း တစ်ပိဿာ ၆၇၀၀ ရှိနေပြီး ၊ လက်ကားဈေးနှုန်း တစ်ပိဿာ ၆၉၀၀ မှ ၇၃၀၀ အထိ ပေါက်ဈေးရှိနေပြီ၊ လက်လီဈေးကွက်မှာတော့ တစ်ပိဿာ ၈၀၀၀ ကျော် အရာင်းအဝယ်ပြုလုပ်နေတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စားသုံးဆီကို ၉၀ ရာခိုင်းနှုန်းလောက် ပြည်ပမှတင်သွင်းနေရပြီး၊ ဆီ တစ်နေ့တာလိုအပ်ချက် တန်ချိန် ၂၀၀၀ အထိရှိပေမယ့် တန်ချိန် ၁၀၀၀ သာဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။

ကုန်သည်တွေအနေနဲ့ ဆီကို အလုအယက်ဝယ်ယူနေရပြီး၊ ကုန်သည်တိုင်းမရရှိဘဲ အရောင်းအဝယ်ရပ်ထားရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။

“ကုန်သည်ကြီးတွေက သူတို့မှာဆီပြတ်လို့ ရောင်းပေးဖို့အဆင်မပြေဘူးလို့ပြောတယ်၊ အဲ့တော့ ဈေးကအလိုလိုတက်လာတာပေါ့၊ အခုဈေးကွက်ထဲ တစ်ပိဿာ ၈၀၀၀ ကျော်နဲ့ကို ရောင်းနေကတယ်၊ လုံးဝဝယ်မရတော့ရင်၊ မရောင်းတော့ဘူး” လို့ ရန်ကုန်ရှိ ကုန်ခြောက်ပစ္စည်းရောင်းချနေသူ ကိုမင်းမင်းက ပြောပါတယ်။

စစ်ကောင်စီက သူတို့လက်ထက်မှာ ပြည်ပကနေ စားဆီတင်သွင်းမှုလျော့ချပြီး၊ ပြည်တွင်းစားဆီ ဖူလုံရုံသာမက ပြည်ပကိုတင်ပို့နိုင်တဲ့အထိ ရပ်တည်နိုင်အောင်ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ကြွားလုံးထုတ်ပြောဆိုထားပါတယ်။

ဆီထွက်သီးနှံကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးအနေနဲ့ ဖိတ်ခေါ်ထားသလို ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိူးရေး ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးသွားဖို့ကိုလည်း စီမံနေတယ်လို့ ပြောဆိုထားပါတယ်။

စားသုံးဆီဈေးနှုန်းများ တစ်ပိဿာ တစ်သောင်းနားအထိဈေးနှုန်း မြင့်တက်မှုက အာဏာအသိမ်းခံရပြီး ကာလမှာ ဒုတိယအကြိမ်မြောက် စံချိန်တင်မြင့်တက်နေတာပါ။

ထိုင်းနိုင်ငံဘက်မှ မှောင်ခိုဝင်ရောက်နေသော စားအုန်းဆီတချို့မှာလည်း အဖမ်းအဆီးများခြင်း၊ တိုက်ပွဲအခြေနေတွေကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းပါးလာခြင်းကလည်း စားအုန်းဆီဈေးနှုန်း ပြန်လည်မြင့်တက်လာရသည့် အချက်တချက်ဖြစ်တယ်လို့ ကုန်သည်များထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဈေးမြင့်တက်နေတာက ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဝင်ငွေ၊ အလုပ်အကိုင် လျော့နည်းလာမှုနဲ့ ကြုံတွေ့နေရတဲ့ အခြေခံလူတန်းစား မိသားစုတွေအတွက် စိုးရိမ်စရာ အခြေအနေတခု ဖြစ်နေပါတယ်။

“စားဝတ်နေရေးက အရမ်းကြပ်တည်းနေပြီ၊ ဆန်နဲ့ဆီဝယ်ရင်ဘဲ ငွေ တစ်သောင်းက ကုန်နေပြီ၊ ဝမ်းဝယုံသာစားနေရတာ၊ ဆာသလောက်မစားနိုင်တော့ဘူး၊ အခုအတိုင်းဆို ငတ်ဖို့ဘဲရှိတော့တယ်”လို့ လှိုင်သာယာမြို့နယ်နေ ကြုံရာကျပန်း လုပ်ကိုင်နေသူ မတင်တင်အေး ကပြောပါတယ်။

စားသုံးဆီကို ဈေးကွက်အတွင်း အလုအယက်ဝယ်ယူရတဲ့အတွက် ငွေကြိုရှင်းကာ စရံရိုက်ထားသူများမှာ ဆီကုန်သည်အကြီး အချို့ရဲ့ လိမ်လည်မှုများ၊ တစ်ဖက်က ပစ္စည်းမရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် ကုန်သည်အသေးစားများနဲ့ လက်ကားဒိုင်အချိူ့မှာ နစ်နာဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#စားသုံးဆီ

#ဈေးကွက်

#ခွဲတမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now