မဲခေါင်၊ ဧပြီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းရွာရှိ ရဲစခန်းကို ယမန်နေ့ ဧပြီလ ၉ ရက်နေ့ မနက် ၁၁ နာရီခန့်က အကုန်အစင် ရှင်းလင်း သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ နေ့လယ် ၁၁ နာရီလောက်မှာ သိမ်းလိုက်ပြီ။ လက်နက်ချသွားတာ။ သုံ့ပန်း ၂၃ ဦး၊ နက် ၂၂ လက် ရရှိတယ်” လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အဲဒီ ဆယ်ဇင်း စစ်ကောင်စီ ရဲစခန်းကို ဧပြီလ ၉ ရက်မနက် ၆ နာရီ အချိန်ခန့်ကစ KIA တပ်မဟာ ၉ နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ဖို့ ချဉ်းကပ်လာရာ နေ့လယ် ၁၁ နာရီခန့်က အညံ့ခံ လက်နက်ချသွားတယ်လို့ သူက ပြောပါတယ်။
“ ဖားကန့် ဆယ်ဇင်း ရဲစခန်းကို အပြီးသတ် သိမ်းလိုက်ပြီ။ လူရော လက်နက်ရော ရထားတယ်။” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ ရဲစခန်းမှာ ရှိနေတဲ့ ရဲရော၊ စစ်သားရာ လက်မြှောက် သွားတာလို့ သူက ပြောပါတယ်။
ယမန်နေ့ ညနေ ၅ နာရီခန့်ကစ ဆယ်ဇင်း စစ်ကောင်စီတပ်နဲ့ မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်ယား စစ်ကောင်စီ တပ်စခန်းမှာလည်း တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
CJ-008