ဒေသတွင်းသတင်း

စစ်တပ်နဲ့ မပူးပေါင်းဘဲ ဒေသန္တရအဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီဖို့ UNOCHA ကို တနင်္သာရီ အရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

မဲခေါင် 16 Oct - 2023
စစ်အာဏာရှင် တော်လှန် ကာလမှာ UNOCHA အနေနဲ့ လူသားချင်း စာနာကူညီဖို့ စစ်တပ်နဲ့ ပူးပေါင်းတဲ့ နည်းလမ်းနဲ့ အဖြေမရှာဘဲ လူထုက ယုံကြည်လက်ခံပြီး မြေပြင်မှာ ထိထိရောက်ရောက် လုပ်နေတဲ့ ဒေသန္တရ လူထု အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့ CSOs Nexus Consortium–Tanintharyi က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၆

စစ်အာဏာရှင် တော်လှန် ကာလမှာ UNOCHA အနေနဲ့ လူသားချင်း စာနာကူညီဖို့ စစ်တပ်နဲ့ ပူးပေါင်းတဲ့ နည်းလမ်းနဲ့ အဖြေမရှာဘဲ လူထုက ယုံကြည်လက်ခံပြီး မြေပြင်မှာ ထိထိရောက်ရောက် လုပ်နေတဲ့ ဒေသန္တရ လူထု အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့ CSOs Nexus Consortium–Tanintharyi က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး-UNOCHA က ဆောင်ရွက်နေတဲ့ AHCT (Area of Humanitarian Country Team) အခင်းအကျင်းမှာ ကိုယ်စားလှယ် နေရာ ပါဝင်ဖို့ ငြင်းဆိုစဥ် အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

AHCT စတင်နိုင်ရေးအတွက် တိုင်းကိုယ်စားပြု ကိုယ်စားလှယ်နေရာမှာ ပါဝင်ဆွေးနွေးဖို့ AHCT ရုံးအဖွဲ့က ဆက်သွယ်တာကို တနင်္သာရီ အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ CNC-Tanintharyi အဖွဲ့တွေ အချင်းချင်း ဆွေးနွေးပွဲ အကြိမ်ကြိမ် ပြုလုပ်ပြီး မနေ့က အောက်တိုဘာ ၁၅ ရက်နေ့မှာ ငြင်းဆို ထုတ်ပြန်ခဲ့တာပါ။

ငြင်းဆိုရတဲ့ အကြောင်းရင်းကတော့ UNOCHA တာ၀န်ရှိသူနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် တို့ ပြီးခဲ့တဲ့ ဩဂုတ်လက နေပြည်တော်မှာ လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့တာကြောင့်လို့ ဆိုပါတယ်။

UNOCHA အနေနဲ့ စစ်တပ်နဲ့ မပူးပေါင်းဘဲ လူထုနဲ့ ပူးပေါင်းပြီး ရွေးချယ်နိုင်တဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ပံ့ပိုးကူညီ မှသာ UNOCHA ရဲ့ လုပ်ငန်းစဉ်နဲ့ တာဝန်အတိုင်း လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့ CNC–Tanintharyi က ပြောပါတယ်။

UNOCHA အနေနဲ့ စစ်တပ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတာဟာ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း လျော့ပါး သက်သာစေမှာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ကို အသိအမှတ်ပြု ထောက်ခံ အားပေးတာ ဖြစ်တယ်လို့ CNC–Tanintharyi ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံ တဝှမ်း ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ တရားခံဟာ စစ်တပ်ဖြစ်ပြီး ပြည်သူတွေ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြောင့်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

အခုလို စစ်တပ်ကို ထောက်ခံတာ၊ အသိအမှတ်ပြုတာဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို တိုးပွားစေပြီး သံတမန်ရေးရာအရ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းရာမှာ အထောက်အပံ့ ဖြစ်သွားနိုင်တယ်လို့ CNC–Tanintharyi က ရှုမြင် သုံးသပ်ထားပါတယ်။

တနင်္သာရီဒေသမှာရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်အာဏာရှင် အပါအဝင် အာဏာရှင်စနစ် အဆုံးသတ်ပြီး အနာဂတ် ဖက်ဒရယ် နိုင်ငံတော် ထူထောင်နိုင်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-009

#MekongNews

#UNOCHA

#CNC_Tanintharyi

#ဖက်ဒရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now