ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင် 6 Jun - 2023
မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ လူသတ်မှုတွေကျူးလွန်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးကို မနေ့ ဇွန်လ ၅ ရက်က ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ ကိုးကန့်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇွန် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ လူသတ်မှုတွေကျူးလွန်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးကို မနေ့ ဇွန်လ ၅ ရက်က ထောင်ဒဏ်အသီးသီးချမှတ်လိုက်တယ်လို့ ကိုးကန့်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မုံးကိုးခရိုင်၊ ပန်းဆိုင်နဲ့ အနီးတဝိုက်က‌ဒေသတွေမှာ လက်နက်ကိုင် ပြန်ပေးဆွဲတာနဲ့ လူသတ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မုံးကိုးပြည်သူ့စစ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ လီအင်ဖူ၊ ဟုတ်ချင်ပန်း၊ ရန်မင်ဟွေ နဲ့အိုက်မောင်တို့ ၄ ဦးကို သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအလိုက် ထောင်ဒါဏ်အသီးသီးချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တစ်ဦးချင်းစီ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေလည်းရှိပြီး စစ်ကောင်စီလက်အောက်ခံ ပန်းဆိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကိုးကန့် တရားစီရင်ရေးကပြောပါတယ်။

ကိုးကန့်တပ်က ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ လီအင်ဖူကို ထောင်ဒါဏ် ၁၀နှစ်၊ ဟုတ်ချင်ပန်နဲ့ ရန်မင်ဟွေ တို့ကို ထောင်ဒါဏ် ၈ နှစ်စီနဲ့ အိုက်မောင်ကို ထောင်ဒါဏ် ၃ နှစ်စီ ဇွန် ၅ ရက် မနက်ပိုင်းမှာ အသီးသီးချမှတ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူလိုက်တယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ အမှုပေါင်း ၁၄ မှု ကျူးလွန်ထားပြီး ဒီအမှုတွေထဲမှာ တရုတ်လူမျိုး ၁၄ ယောက်ကိုလည်း ပြန်ပေးဆွဲ ရောင်းချခဲ့တဲ့ အမှုပါဝင်တယ်လို့ ကိုးကန့်အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ပြန်ပေးဆွဲပြီး ရောင်းချခဲ့တဲ့ ငွေဟာ တရုတ်ယွမ် ၄ သိန်း ၈ သောင်းနဲ့ မြန်မာကျပ်ငွေ သိန်း ၃၈၀ တို့ ရရှိခဲ့ပြီး အဲ့ဒီငွေတွေကို ခွဲဝေသုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့လို့ လူသိများကြာတဲ့ MNDAA ဟာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ FPNCC ရဲ့ အဖွဲ့ဝင် တပ်ဖွဲ့ဖြစ်ပါတယ်။

FPNCC နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျန် တို့ဟာ ယခုနှစ် ဖေဖော်ဝါရီ ၂၄ မှာ မိုင်းလားမြို့မှာ တစ်ကြိမ်၊ မတ်လ တတိယပတ်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးထားပါတယ်။

တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း တရုတ်လူမျိုး ၁၄ ဦးကို ပြန်ပေးဆွဲ လူကုန်ကူးခဲ့တဲ့ ရာဇဝတ်ဂိုဏ်းကို MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

FPNCC အဖွဲ့ထဲမှာ ဝ လက်နက်ကိုင်တပ်ဖွဲ့ UWSA၊ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA၊ မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့ NDAA၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ SSPP၊ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA၊ တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLA နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့နဲ့ ဖွဲ့စည်းထားပါတယ်။

MK-007

#MeKongNews

#MNDAA

#ပြည်သူ့စစ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now