ဒေသတွင်းသတင်း

စစ်ကောင်စီပြဌာန်းတဲ့ အခွန်အကောက်ဥပဒေကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေ နစ်နာ

မဲခေါင် 5 Oct - 2023
စစ်ကောင်စီက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြင်ဆင် ပြဌာန်းလိုက်တဲ့ အခွန်အကောက် ဥပဒေ အသက်၀င်လာရင် နစ်နာမှုတွေ အများအပြား ရှိလာမယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

မဲခေါင်၊ ‌အောက်တိုဘာ ၅

စစ်ကောင်စီက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြင်ဆင် ပြဌာန်းလိုက်တဲ့ အခွန်အကောက် ဥပဒေ အသက်၀င်လာရင် နစ်နာမှုတွေ အများအပြား ရှိလာမယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ စတင် အကျိုးသက်ရောက်မယ် ဆိုတဲ့ ဝင်ငွေခွန် ဥပဒေပုဒ်မ- ၆ နဲ့ ၆ (က) တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်း မပြုဘဲ ဝင်ငွေခွန် ဥပဒေ ပုဒ်မ (၈)၊ ပိုဒ်ခွဲ (က) ပါ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပမှာရရှိတဲ့ စုစုပေါင်း ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်မယ်လို့ စစ်ကောင်စီက ပြဌာန်းလိုက်တာပါ။

“ဂျပန်အစိုးရကိုလည်း ၂၀ % အခွန်ဆောင်ရတယ်။ အခု ဒီလကုန် သူတို့ (စစ်ကောင်စီ) ကို ထပ်ဆောင်ရမယ်လို့ ကုမ္ပဏီက ပြောလာတယ်။ အဲဒီလို တကယ်ဆောင်ရရင်တော့ လစာ တဝက်လောက်က မသုံးခင် စာရွက်ပေါ်မှာတင် ပြောင်ပြီလေ” လို့ ဂျပန်ရောက် မြန်မာ အလုပ်သမား တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တစ်နှစ် လစာ မြန်မာငွေ ကျပ် သိန်း ၂၀ မှ ၁၀၀ ကြားရရှိသူက ၅ ရာခိုင်နှုန်း၊ သိန်း ၁၀၀ အထက် ရရှိသူတွေက ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကြား အခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၅၀၀ မှ သိန်း ၇၀၀ ကြား ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၇၀၀ အထက် ရရှိသူတွေက ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင် ရမှာပါ။

“အခုထိတော့ မဆောင်ရသေးဘူး။ ဒါပေမယ့် ဆောင်ရမယ်လို့ ကုမ္ပဏီဘက်က တရားဝင် ပြောလာတဲ့အတွက် ဒီလကုန်ရင် ပေးရဖို့ သေချာသလောက်ရှိတယ်။ အဲဒီလိုဆိုရင် ရှိသမျှကို ပေါင်နှံ ရောင်းချပြီး ချေးငှားလာရသူတွေ ကတော့ နှစ်ရှည် လုပ်သားတွေထက် ပိုဒုက္ခရောက်သွားမယ်။ အခြား နိုင်ငံထက်စာရင် ဂျပန်ကို လာဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ” လို့ ဂျပန်ရောက် မြန်မာ အလုပ်သမား တစ်ဦးက ပြောပါတယ်။

အခွန်မဆောင်ပါက ပက်ပို့စ်နဲ့ ဗီဇာ သက်တမ်းတိုးခွင့် ပိတ်ပင်တာ၊ ပြည်ဝင်ခွင့် တားမြစ်တာ စတာတွေ လုပ်ဆောင်နိုင်တယ်လို့ ပြည်ပရောက် မြန်မာ အလုပ်သမားတွေက သုံးသပ်ပါတယ်။

ပြည်ပမှာ ၃ နှစ်ကျော် အလုပ်လုပ်ကိုင်ပြီး လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာပြည်ကို ခေတ္တ ပြန်လာမယ့် မြန်မာ လုပ်သားတစ်ဦးကတော့ အဆိုပါ အခွန်ကိစ္စကြောင့် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

“ပြန်လာရင် သူတို့သတ်မှတ်တဲ့ အခွန်တွေ အကုန်ဆောင်ရမယ်။ မဆောင်ရင် ပြန်ဝင်ခွင့်တွေ ပိတ်ပင် ကန့်သတ်တာတွေ လုပ်နိုင်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ NUG အစိုးရဘက်ကလည်း တစ်ခုခုတော့ စီစဉ်ပေးသင့်တယ်။ သူတို့ကသာလျှင် ပြည်သူရွေးချယ်တဲ့ အစိုးရလို့ ကြွေးကြော်ထားလို့လေ” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ပြဌာန်းတဲ့ ဥပဒေသစ်ကြောင့် စစ်ကောင်စီကို အခွန်ဆောင်ရမယ့် ပြည်ပရောက် မြန်မာ လုပ်သားတွေရဲ့ အခက်အခဲကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး NUG အစိုးရ တာ၀န်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမယ့် လက်ရှိအချိန်ထိ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

CJ–005

#MeKongNews

#အကောက်ခွန်

#ပြည်ပရောက်မြန်မာလုပ်သား

#ဝင်ငွေခွန်

#မဲခေါင်သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now